အမိနိုင်ငံကာကွယ်ဖို့ ယူကရိန်းပြည်သူ့ကာကွယ်ရေးတပ်ကို ဝင်ရောက်လာတဲ့ နာမည်ကျော်ယူကရိန်းမင်းသား ကျဆုံး

နာမည်ကျော် ယူကရိန်းမင်းသားကတော့ အမိနိုင်ငံကို ကျူးကျော်မူမှ ကာကွယ်ရင်း……..seemore

ရုရှားကျူးကျော်စစ်ကို ကာကွယ်ဖို့ ယူကရိန်းတပ်ထဲဝင်ရောက်လာတဲ့ နာမည်ကျော်ယူကရိန်းမင်းသား ပါရှာလီ(Pasha Lee ) ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

၃၃ နှစ်အရွယ်ရှိ မင်းသား ပါရှာလီ(Pasha Lee )ဟာ မတ်လ ၆ ရက်က ကိယက်ဗ်မြို့အနောက်မြောက်ဘက်ရှိ Irpin မှာ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့တယ်လို့ Odesa International Film Festival က Facebook မှာ ကြေညာချက်အရ သိရပါတယ်။

မင်းသား Lee ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ၎င်းရဲ့ Instagram စာမျက်နှာကနေ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ပုံတွေတင်ရှိပြီး ပရိသတ်ကိုမျှဝေခဲ့ပါသေးတယ်။

သူဟာရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး “The Gallery”၊ “Shadow of Unforgotten Ancestors”၊ “Meeting Classmates” ရုပ်ရှင်ကားကြီးတွေနဲ့ နာမည်ကြီးလာခဲ့သူပါ။

ပါရှာလီ ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းနိုင်ငံအတွက် ပထမဆုံး ကျဆုံးခဲ့ရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

#AKonThi #ပါရှာလီ #ukraine #PashaLee

အကုန်သိသတင်းဌာန

Unicode

#AKonThi #ပါရွာလီ #ukraine #PashaLee

အကုန်သိသတင်းဌာန

Leave a Reply

Your email address will not be published. Required fields are marked *