တစ္ပတ္တိတိ ၂၄ နာရီ မီးျပတ္မည္ဟု ေၾကညာၿပီးေနာက္ ေနရာအလိုက္အခ်ိန္ပိုင္း မီးေပးမည္ျဖစ္၍ ျပည္သူမ်ား မစိုးရိမ္ရန္ ထပ္မံထုတ္ျပန္

တစ္ပတ္တိတိ ၂၄ နာရီ မီးျပတ္မည္ဟု ေၾကညာၿပီးေနာက္ ေနရာအလိုက္အခ်ိန္ပိုင္း မီးေပးမည္ျဖစ္၍ ျပည္သူမ်ား မစိုးရိမ္ရန္ ထပ္မံထုတ္ျပန္၊ မင္းေအာင္လႈိင္ ၏ လွ်ပ္စစ္ရထားႏွင့္ ဘတ္စ္ကား စီမံကိန္း ေလွာင္ရယ္စရာျဖစ္လာ

ရန္ကုန္၊ မတ္ ၇

မတ္လ ၁၂ ရက္ေန႔မွ မတ္လ ၁၈ ရက္ေန႔အထိ လွ်ပ္စစ္အား ၂၄ နာရီ ျပတ္ေတာက္မႈမ်ား ျဖစ္မည္ဟု စစ္ေကာင္စီက ယမန္ေန႔ညပိုင္းတြင္ ေၾကညာၿပီးေနာက္ ယခုတစ္ဖန္ လွ်ပ္စစ္မီးကို အပိုင္းလိုက္ အခ်ိန္ပိုင္းအလိုက္ ျဖန႔္ျဖဴးေပးမည္ျဖစ္၍ မစိုးရိမ္ၾကရန္ စစ္ေကာင္စီ၏ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ယေန႔ ထပ္မံ ေၾကညာခ်က္ ထုတ္ျပန္သည္။

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၏ မတ္လ ၆ ရက္ေန႔ အမ်ားျပည္သူသို႔ပန္ၾကားခ်က္တြင္ မတ္လ ၁၂ ရက္ေန႔မွ မတ္လ ၁၈ ရက္ေန႔အထိ လွ်ပ္စစ္ ဓာတ္အား ဝန္အားထိန္းညႇိ ေလ်ာ့ခ်ေမာင္းႏွင္ျခင္းအတြက္ အခ်ိဳ႕ေသာေနရာမ်ားတြင္ အပိုင္းလိုက္၊အခ်ိန္ပိုင္းအလိုက္ ျဖန႔္ျဖဴးေပးမည္ျဖစ္ေၾကာင္း ျပည္သူ လူထုအေနျဖင့္ စိုးရိမ္ပူပန္မႈ မရွိၾကပါရန္ အသိေပးပန္ၾကားအပ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ယေန႔ ထပ္မံ သတင္းထုတ္ျပန္သည္။

ယမန္ေန႔ညပိုင္း ေၾကညာခ်က္တြင္ လာမည့္ မတ္လ ၁၂ ရက္ေန႔မွ မတ္လ ၁၈ ရက္ေန႔အထိ တစ္ပတ္ လွ်ပ္စစ္မီး ၂၄ နာရီ ျပတ္ေတာက္မည္ျဖစ္ေၾကာင္း အၾကမ္း ဖက္စစ္ေကာင္စီက ေၾကညာသည္။

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ကမ္းလြန္သဘာ၀ဓာတ္ေငြ႕စီမံကိန္းမ်ားျဖစ္ေသာ ရတနာ၊‌ ေဇာတိကႏွင့္ ေ႐ႊကမ္းလြန္စီမံကိန္းမ်ားႏွင့္ ကုန္းတြင္း ဓာတ္ေငြ႕တြင္းမ်ားမွ သဘာ၀ဓာတ္ေငြ႕အသုံးျပဳ၍ ဓာတ္အား ၁၄၅၅ မဂၢါဝပ္ ထုတ္လုပ္ေနေၾကာင္း၊ ထပ္မံ ေတြ႕ရွိရသည့္ သဘာ၀ဓာတ္ေငြ႕တြင္း သစ္ ၂ ခုမွ ဓာတ္ေငြ႕မ်ားကို ဓာတ္အားထုတ္လုပ္ႏိုင္ေရး ေရေအာက္ပိုက္လိုင္းဆက္သြယ္ေရးကို မတ္လ ၁၂ ရက္ေန႔မွ မတ္လ ၁၈ ရက္ေန႔အထိ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ သဘာ၀ဓာတ္ေငြ႕ျဖင့္ ဓာတ္အားထုတ္လုပ္ေနမႈတခ်ိဳ႕ကို ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ လွ်ပ္စစ္ဓာတ္အားကို မတ္လ ၁၂ ရက္မွ မတ္လ ၁၈ ရက္ေန႔အထိ တစ္ပတ္အတြင္း ႏိုင္ငံတစ္ဝန္း အခ်ိဳ႕ေသာေနရာမ်ားတြင္ ၂၄ နာရီ မီးျပတ္မည္ျဖစ္ေၾကာင္း စစ္ေကာင္စီက ေၾကညာခဲ့သည္။

လက္ရွိတြင္ LNG ဓာတ္အားေပးစက္႐ုံမ်ားတြင္ LNG ေစ်းႏႈန္းျမင့္တက္မႈေၾကာင့္ မလည္ပတ္ႏိုင္ေတာ့ဘဲ ရပ္တန႔္ထားေၾကာင္း၊ ဘီလူးေခ်ာင္းေရအားလွ်ပ္စစ္စက္႐ုံမွ ထြက္ရွိေသာ ဓာတ္အားမွာလည္း ဓာတ္အားလိုင္းမ်ားလည္း ေဖာက္ခြဲခံထားရ၍ ျပင္ဆင္ရန္ ႀကိဳးပမ္းေနရေၾကာင္း စစ္ေကာင္စီက ေၾကညာသည္။
ယခင္က အျမင့္ဆုံး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၄၂၀၀ ထုတ္လုပ္ႏိုင္ေၾကာင္း၊ လက္ရွိတြင္ ဓာတ္အား ၂၁၇၇ မဂၢါဝပ္သာ ထုတ္ လုပ္ႏိုင္ေၾကာင္း၊

ဓာတ္‌ေငြ႕ပိုက္လိုင္း သစ္မ်ားသြယ္တန္းရန္အတြက္ ဓာတ္ေငြ႕မွ လွ်ပ္စစ္ထုတ္လုပ္မႈ ရပ္ဆိုင္းမည္ျဖစ္ရာ လွ်ပ္စစ္ဓာတ္အား ၁၃၀၄ မဂၢါဝပ္ ထပ္မံ ေလ်ာ့နည္းမည္ျဖစ္ေၾကာင္း၊ တစ္ႏိုင္ငံလုံးတြင္ ၈၇၃ မဂၢါဝပ္သာ ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး ၂၄ နာရီ မီးျဖတ္ေတာက္မႈမ်ားျဖစ္ေပၚမည္ျဖစ္ ေၾကာင္း စစ္ေကာင္စီက ေၾကညာထားသည္။

လက္ရွိဓာတ္အားသုံးစြဲမႈ လိုအပ္ခ်က္မွာ ေန႔ဘက္တြင္ အမ်ားဆုံး လွ်ပ္စစ္ ဓာတ္အား ၃၄၀၀ မဂၢါဝပ္၊ ညဘက္တြင္ အမ်ားဆုံး ၃၆၀၀ မဂၢါဝပ္ရွိေၾကာင္း၊ တစ္ရက္တာ ပွ်မ္းမွ် ဓာတ္အားသုံးစြဲမႈ ၂၆၀၀ မဂၢါဝပ္ သုံးစြဲလ်က္ရွိေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္ထားသည္။

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ယမန္ႏွစ္ ဩဂုတ္လႏွင့္ စက္တင္ဘာလ အစည္းအေဝးမ်ားႏွင့္ဖြင့္ပြဲမ်ားတြင္ ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ရထားႏွင့္ လွ်ပ္စစ္ကား စီမံကိန္း အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း၊ေနျပည္ေတာ္တြင္ ေျမေအာက္ရထားစနစ္ႏွင့္ လွ်ပ္စစ္ဘတ္စကားမ်ား ေျပးဆြဲမည္ဟု ေျပာၿပီးမ်ားမၾကာမီ ရန္ကုန္-ျပည္ ရထားကို လွ်ပ္စစ္ရထား ေျပးဆြဲမည္ျဖစ္ေၾကာင္း၊ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလ ၁၀ ရက္ေန႔တြင္လည္း ေနျပည္ေတာ္တြင္ လွ်ပ္စစ္ ရထားလမ္းေဖာက္ႏိုင္ေရး ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

မင္းေအာင္လႈိင္၏ လွ်ပ္စစ္ရထားႏွင့္လွ်ပ္စစ္ကား စီမံကိန္းမ်ားကို ေျပာဆိုခဲ့ေသာ္လည္း လက္ေတြ႕တြင္ လွ်ပ္စစ္မီးပင္ မွန္မွန္မေပးႏိုင္၍ ျပည္သူမ်ားအၾကား ေလွာင္ရယ္စရာအျဖစ္ လူမႈကြန္ရက္မ်ားတြင္ ေဝဖန္မႈမ်ား တရွိန္ထိုးျမင့္တက္လ်က္ရွိေနေၾကာင္း သိရွိရသည္။

Design Credit – Eainshinma

တစ်ပတ်တိတိ ၂၄ နာရီ မီးပြတ်မည်ဟု ကြေညာပြီးနောက် နေရာအလိုက်အချိန်ပိုင်း မီးပေးမည်ဖြစ်၍ ပြည်သူများ မစိုးရိမ်ရန် ထပ်မံထုတ်ပြန်၊ မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း လှောင်ရယ်စရာဖြစ်လာ

ရန်ကုန်၊ မတ် ၇

မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ်အား ၂၄ နာရီ ပြတ်တောက်မှုများ ဖြစ်မည်ဟု စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် ကြေညာပြီးနောက် ယခုတစ်ဖန် လျှပ်စစ်မီးကို အပိုင်းလိုက် အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်၍ မစိုးရိမ်ကြရန် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထပ်မံ ကြေညာချက် ထုတ်ပြန်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မတ်လ ၆ ရက်နေ့ အများပြည်သူသို့ပန်ကြားချက်တွင် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ် ဓာတ်အား ဝန်အားထိန်းညှိ လျော့ချမောင်းနှင်ခြင်းအတွက် အချို့သောနေရာများတွင် အပိုင်းလိုက်၊အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြည်သူ လူထုအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြပါရန် အသိပေးပန်ကြားအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထပ်မံ သတင်းထုတ်ပြန်သည်။

ယမန်နေ့ညပိုင်း ကြေညာချက်တွင် လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဖြစ်ကြောင်း အကြမ်း ဖက်စစ်ကောင်စီက ကြေညာသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊‌ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ်နေကြောင်း၊ ထပ်မံ တွေ့ရှိရသည့် သဘာဝဓာတ်ငွေ့တွင်း သစ် ၂ ခုမှ ဓာတ်ငွေ့များကို ဓာတ်အားထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း အချို့သောနေရာများတွင် ၂၄ နာရီ မီးပြတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများတွင် LNG ဈေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထားကြောင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသော ဓာတ်အားမှာလည်း ဓာတ်အားလိုင်းများလည်း ဖောက်ခွဲခံထားရ၍ ပြင်ဆင်ရန် ကြိုးပမ်းနေရကြောင်း စစ်ကောင်စီက ကြေညာသည်။
ယခင်က အမြင့်ဆုံး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂၀၀ ထုတ်လုပ်နိုင်ကြောင်း၊ လက်ရှိတွင် ဓာတ်အား ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ် လုပ်နိုင်ကြောင်း၊

ဓာတ်‌ငွေ့ပိုက်လိုင်း သစ်များသွယ်တန်းရန်အတွက် ဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် ထပ်မံ လျော့နည်းမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ၈၇၃ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၄ နာရီ မီးဖြတ်တောက်မှုများဖြစ်ပေါ်မည်ဖြစ် ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

လက်ရှိဓာတ်အားသုံးစွဲမှု လိုအပ်ချက်မှာ နေ့ဘက်တွင် အများဆုံး လျှပ်စစ် ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ်၊ ညဘက်တွင် အများဆုံး ၃၆၀၀ မဂ္ဂါဝပ်ရှိကြောင်း၊ တစ်ရက်တာ ပျှမ်းမျှ ဓာတ်အားသုံးစွဲမှု ၂၆၀၀ မဂ္ဂါဝပ် သုံးစွဲလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နှစ် ဩဂုတ်လနှင့် စက်တင်ဘာလ အစည်းအဝေးများနှင့်ဖွင့်ပွဲများတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား စီမံကိန်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ဟု ပြောပြီးများမကြာမီ ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင် လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်၏ လျှပ်စစ်ရထားနှင့်လျှပ်စစ်ကား စီမံကိန်းများကို ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများအကြား လှောင်ရယ်စရာအဖြစ် လူမှုကွန်ရက်များတွင် ဝေဖန်မှုများ တရှိန်ထိုးမြင့်တက်လျက်ရှိနေကြောင်း သိရှိရသည်။

Design Credit – Eainshinma

Leave a Reply

Your email address will not be published. Required fields are marked *