Zawgyi
Unicode
နေအိမ်ချိတ်ပိတ် ခံလိုက်ရလို့ စိတ်သောကရာက်နေတဲ့ ကိုပေါက်ရဲ့ဇနီးကိုအားပေးစကားပြောခဲ့တဲ့ဂွမ်းပုံ
ပရိသတ်ကြီးရေ ကိုပေါက်တို့ မိသားစုဟာ ဆိုရင် တစ်ချိန်တုန်းက မိသားစုလိုက် ဟာသ videoလေးတွေ Liveလေးတွေ လွှင့်ပြီး ပရိသတ်တွေနဲ့ ဆက်သွယ် စကားပြောခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့ video,Liveတွေလွှင့်ပြီးပြောခဲ့တဲ့ စကားလေးတွေကိုပဲပရိ သတ်တွေက ရယ်မောပျော်ရွှင်ရပြီးချစ်နေကြတာပါ။ ကိုပေါက်ကလည်း Tiktok လေးတွေ ဆော့ပြီး video လေးတွေ တင်ပေးလေ့ ရှိတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခုမှာတော့ ကိုပေါက်ဟာ ချစ်ရတဲ့ မိသားစုကို စွန့် ခွာပြီး တောထဲမှာ ပုန်းရှောင် နေရ တာပါ။ မတရားမှုကို တွန်းလှန် ရင်းနဲ့ ထွက်ပြေးပုန်းရှောင် နေခဲ့ရ တာကြောင့် မိသားစုနဲ့ ခွဲခဲ့ရတာပါ။ နောက်ပိုင်း မှာတော့ သူတို့မိသားစု video လေးတွေ သိပ်မတွေ့ရ ပေမယ့် လည်း သားလေးနောင်ရေး အတွက် ကိုယ်ပေါက်ရဲ့ မိန်းမဟာ live sale တွေ ရောင်းချနေ တာပဲဖြစ်ပါတယ်။
ကိုပေါက်ရဲ့ဇနီးဟာလူမှုကွန်ရက်ကနေလည်းစာလေးတွေ video လေးတွေ တင်ပေးလေ့ရှိပါတယ်။ ခုမှာလည်း 2021မှာ မိတ်ဆွေ အတုတွေ ဟန်ဆောင် မျက်နှာဖုံးတွေ ကိုယ်ချင်းစာစိတ်မရှိသူတွေ ဟာ သူ့အလိုလို ကိုယ့် ဘေးနားကနေ ထွက်ခွာသွား ကြပြီ၊ နောက်လည်း ဘယ်တော့မှ လာမပတ်သက် ပါနဲ့၊ ကျေးဇူးတင်ပါ တယ်ဆိုပြီး ခံစားချက်တွေကို ထုတ်ဖော် ခဲ့တာပဲ ဖြစ်ပါတယ်။
ကိုပေါက် မိန်းမရဲ့ စာလေးအောက်မှာ လည်း နာမည်ကျော် သရုပ် ဆောင်တစ်ယောက်ဖြစ်တဲ့ ဂွမ်းပုံကလည်း အားပေးစကားစာလေးမန့်သွားခဲ့တာ ဖြစ်ပါတယ်။ ကိုပေါက်ရဲ့ မိန်းမပြောတဲ့ စကားလေး ကလည်း မှန်ပါတယ်နော် ပရိသတ်ကြီးရေ။ ပရိသတ်ကြီးတို့လည်းအဲ့လို လူတွေနဲ့ ကင်းကွာပြီး ပျော်ရွှင် နိုင်ကြ ပါစေ လို့ ဆုတောင်းလိုက်ရ ပါတယ်နော်။