ယူကရိန်းနိုင်ငံအတွက် ကိုယ့်သဘောနဲ့ကိုယ် ရုရှားကို ခုခံမယ့် နိုင်ငံပေါင်း ၅၂နိုင်ငံမှ……seemore

နိုင်ငံပေါင်း ၅၂နိုင်ငံက ယူကရိန်းအတွက် ကိုယ့်သဘောနဲ့ကိုယ် ပါဝင်တိုက်ခိုက်ပေးမယ့် လူပေါင်းနှစ်သောင်း ကျော်ရှိကြောင်း၊ သူတို့ဟာ အသစ်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာတပ်ဖွဲ့မှာ ပါဝင်အမှုထမ်းသွားမှာ ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီး ဒီမီထရိုဂူလီဗာ ကပြောကြားလိုက်ပါတယ်။ ယူကရိန်းသို့တိုက်ပွဲဝင်ရန် ရောက်ရှိလာတဲ့ နိုင်ငံခြားသားအရေအတွက်ကိုတော့ သူကပြောကြားခြင်းမရှိသေး ပါဘူး။

“ဒီကနေ့ တကမ္ဘာလုံးဟာ စကားလုံးတွေနဲ့ပဲ မဟုတ်ပဲ အမှန်တကယ်ကို ယူကရိန်းဖက်က ရပ်တည်ပေး နေကြတယ်” လို့ ဂူလီဗာက ပြောကြားခဲ့ပါတယ်။ မိမိသဘောနဲ့ ယူကရိန်းအတွက် ပါဝင်တိုက်ခိုက်မယ့် သူတွေဟာ ဘယ်နိုင်ငံကဖြစ်ကြောင်းတော့ ဂူလီဗာက ပြောကြားခြင်းမရှိပါဘူး။

အဲဒီနိုင်ငံတွေထဲက တစ်ချို့ဟာ အခြားနိုင်ငံတွေအတွက် ပါဝင်မတိုက်ခိုက်ဖို့ သူတို့ နိုင်ငံသားတွေကို တားမြစ်ထားတယ်လို့ သူကဆက်လက်ပြောကြားပါတယ်။ အခြားသောနိုင်ငံတွေမှာ နေထိုင်နေကြတဲ့ ယူကရိန်းနိုင်ငံသားတွေ အနေနဲ့ ဥရောပသမဂ္ဂသို့ ယူကရိန်းဝင် ရောက်ရေး တွန်းအားပေးတဲ့ အစီအစဉ်စတင်ကြောင်းကိုလည်းး ဂူလီဗာက တိုက်တွန်းပါတယ်။

ယူကရိန်း အတွက်တိုက်ပွဲဝင်မယ့် လူတွေထဲမှာ ဂျပန်နိုင်ငံသားတွေလည်း ပါဝင်ကြောင်း အဆိုပါကိစ္စကို ကိုင်တွယ်နေတဲ့ ကုမ္ပဏီကို ကိုးကားပြီး ဂျပန်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုအပေါ် ကမ္ဘာတစ်ဝန်းက ပြစ်တင်ရှုံ့ချခဲ့ကြပြီး စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲများ နိုင်ငံတော်တော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။ ရုရှားမှာ စစ်ပွဲဆန့်ကျင်ရေး လူများ စုဝေးဆန္ဒပြကြ ပြီး လူထောင်နဲ့ချီပြီးဖမ်းဆီခံခဲ့ရပါတယ်။

myanmaplatform

Leave a Reply

Your email address will not be published. Required fields are marked *