မင္းတို႔PDFေတြဒါမ်ိဳးကိုင္ဖူးလားလို႔ လိုင္းေပၚမွာအာေခ်ာင္တဲ့ စစ္ေကာင္စီတပ္သား ယမန္ေန႔က အရွင္ဖမ္းဆီးခံရ

Zawgyi

မင္းတို႔PDFေတြဒါမ်ိဳးကိုင္ဖူးလားလို႔ လိုင္းေပၚမွာအာေခ်ာင္တဲ့ စစ္ေကာင္စီတပ္သား ယမန္ေန႔က အရွင္ဖမ္းဆီးခံရ

စစ္ေကာင္စီတပ္ေသဆုံးမႈမ်ားသည့္ ေက်ာက္ဆည္ကန္တိုက္ပြဲ ႏွစ္ဦးဖမ္းမိၿပီး လက္နက္မ်ားသိမ္းဆည္းရရွိ

ကရင္နီ(ကယား)ျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေက်ာက္ဆည္ကန္တိုက္ပြဲတြင္ စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈမ်ားျပားခဲ့ၿပီး စစ္ေကာင္စီတပ္သားႏွစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း အလယ္ပိုင္းတိုင္းအထူးစစ္ဆင္းေရးတပ္က ယေန႔(မတ္လ ၆ရက္) ညေနပိုင္း၌ ထုတ္ျပန္ သည္။

စစ္ေကာင္စီတပ္ကို အလယ္ပိုင္းတိုင္းအထူးစစ္ဆင္ေရးတပ္၊ ဒီးေမာ့ဆို PDF၊ လြိဳင္ေကာ္ PDF၊ ဖယ္ခုံ PDF ၊ KA ၊ KNDF ႏွင့္ညီေနာင္မဟာမိတ္အဖြဲ႕မ်ား ပူးေပါင္း ခုခံတိုက္ခိုက္ခဲျခင္းျဖစ္သည္ဟု ဆိုသည္။

ညီေနာင္မဟာမိတ္အဖြဲ႕မ်ား၏ ပူးေပါင္းတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္မ်ား က်ဆုံးမႈမ်ားၿပီး အရွင္ႏွစ္ေယာက္ဖမ္းမိကာ လက္နက္မ်ားသိမ္းဆည္းရမိခဲ့ေၾကာင္း လက္နက္မ်ိဳးစုံ ၆လက္ ထက္မနည္း ေဖာ္ျပထားသည့္ ဓာတ္ပုံမ်ားကို ထုတ္ျပန္ခဲ့သည္။

မဟာမိတ္အဖြဲ႕မ်ား၏ပူးေပါင္းတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေက်ာက္ဆည္ကန္မွ ဘုရားငုတ္တိုဘက္သို႔ဆုတ္ခြာသြားခဲ့ေၾကာင္း ထုတ္ျပန္သည္။ ဓာတ္ပုံ – အလယ္ပိုင္းတိုင္းအထူးစစ္ဆင္းေရးတပ္

Unicode

မင်းတို့PDFတွေဒါမျိုးကိုင်ဖူးလားလို့ လိုင်းပေါ်မှာအာချောင်တဲ့ စစ်ကောင်စီတပ်သား ယမန်နေ့က အရှင်ဖမ်းဆီးခံရ

စစ်ကောင်စီတပ်သေဆုံးမှုများသည့် ကျောက်ဆည်ကန်တိုက်ပွဲ နှစ်ဦးဖမ်းမိပြီး လက်နက်များသိမ်းဆည်းရရှိ

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးတပ်က ယနေ့(မတ်လ ၆ရက်) ညနေပိုင်း၌ ထုတ်ပြန် သည်။

စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်၊ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF ၊ KA ၊ KNDF နှင့်ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်း ခုခံတိုက်ခိုက်ခဲခြင်းဖြစ်သည်ဟု ဆိုသည်။

ညီနောင်မဟာမိတ်အဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကျဆုံးမှုများပြီး အရှင်နှစ်ယောက်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း လက်နက်မျိုးစုံ ၆လက် ထက်မနည်း ဖော်ပြထားသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

မဟာမိတ်အဖွဲ့များ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်ဆည်ကန်မှ ဘုရားငုတ်တိုဘက်သို့ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်သည်။ ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးတပ်

Leave a Reply

Your email address will not be published. Required fields are marked *