စစ်ဘေးရှောင် တိုင်းရင်းသား ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်သွားမယ် ဆိုတဲ့သရုပ်ဆောင် ဒေါင်း

စစ်ဘေးရှောင် တိုင်းရင်းသား ပြည်သူများအတွက် အမြဲ ရှိနေပါ့မယ်လို့

စိတ်မကောင်း ဖြစ်စွာ ပြောပြလာတဲ့ နိုင်ငံကျော် ပြည်သူ့မင်းသား ဒေါင်း

ပရိတ်သတ်များကြား အထူးသဖြင့် အမျိုးသမီး ပရိတ်သတ်များကြား

အထူး အောင်မြင်ကျော်ကြားနေတဲ့ မင်းသားတစ်ယောက်ဆိုတာ အားလုံးက သိကြပါတယ်

သူ့ရဲ့ တည်ကြည် ခန့်ညားမှုကြောင့်လည်း မိန်းကလေး ပရိတ်သတ်များရဲ့

အသည်းစွဲ မင်းသား ဖြစ်နေသူ တစ်ဦးလို့လည်းဆိုနိုင်ပါတယ်။

သူဟာ ရုပ်ရှင် သရုပ်ဆောင် ဖြစ်ရုံသာမက အခြားသော အနုပညာများ ဖြစ်တဲ့

ကဗျာနှင့် စာပေ အနုပညာတွင်လည်း စိတ်ပါဝင်စားသူ တစ်ဦး ဖြစ်ပါတယ်။

သူ ပါဝင် ရိုက်ကူးထားခဲ့တဲ့ လိပ်ပြာစံအိမ် မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

အစရှိတဲ့ ဇာတ်ကားများမှာ ဆိုရင်လည်း သူ့ရဲ့ ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက် တွေကြောင့်

ပရိတ်သတ်များရဲ့ ချစ်ခင် အားပေးခြင်းကို ရရှိခဲ့ပါတယ် လက်ရှိ ကာလမှာတော့

သူဟာ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေမှုကြောင့်

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ကဖြင့် တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်

သို့ပေမယ့် သူဟာ သူ့ရဲ့ စာမျက်နှာကနေ ပြည်သူတွေအတွက်

အမြဲ စိတ်အားတက်ဖွယ်များဖြင့် ရေးသားဖော်ပြလျက်ရှိပါတယ်။

ယခုအခါမှာလည်း စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူများ အတွက်

တစ်သားတည်း ရပ်တည်သွားမည် ဖြစ်ကြောင်းတိုင်းရင်းသားများ အနေနှင့်

နှစ်ပေါင်းများစွာ အခုလို အဖြစ်ဆိုးများကို ကြုံတွေ့ခဲ့ရတဲ့ အတွက်

များစွာ စိတ်မကောင်း ဖြစ်ကြောင်း ဖော်ပြလာပါတယ် ပရိတ်သတ်များကလည်း သူ့ကို

ဘေးကင်းပါစေ လို့လည်း အပြန်အလှန် ရေးသား ဖော်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *