






Source: John Lwin ‘s fb

အကျဉ်းထောင်က လွတ်လာတာနဲ့ နိုင်ငံခြားရောက်နေတဲ့ သူ့ရဲ့ဆရာဖြစ်သူဂျွန်လွင်ကို သတိတရဆက်သွယ်ခဲ့တဲ့ ပိုင်တံခွန်

ဂျွန်လွင် ကတော့ တပည့် သားသမီးတွေ များစွာရှိသလို တပည့်တွေ ကြောင့်လည်း စိတ်ချမ်းသာ ရှိခဲ့ရတဲ့ အချိန် တွေလည်း မနည်းမနော ရှိခဲ့တာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် တပည့်တပန်းတွေဟာ ကျေးဇူ းသိတတ်ပြီး သူ့အပေါ် သိတတ်ဂါရဝထားတဲ့အချိန်မှာ ပိုပြီးပီတိဖြစ်ဝမ်းသာရကာ သူ့ရဲ့အပျော်တွေကို အမြဲတမ်းမျှဝေပေးလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဂျွန်လွင်က သူ့ရဲ့တပည့်ဟောင်း ပိုင်တံခွန်နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရလို့ ဝမ်းသာရတဲ့အကြောင်းကို ပြောလာပါတယ်။

ဂျွန်လွင်က အကျဉ်းကျခံနေတာ ကနေ ပြန်လည်လွတ်မြောက်လာပြီး သူ့ကိုဆက်သွယ်လာတဲ့ ပိုင်တံခွန်နဲ့ Video Call ပြောဖြစ်တဲ့ SS လေးကို ပြသပြီး “Welcome back တပည့်ရေ” ဆိုပြီး သူ့ရဲ့အပျော်တွေကို မျှဝေပေးထား ပါတယ်။

ပိုင်တံခွန်ကလည်း ဆရာဖြစ်တဲ့ ဂျွန်လွင် နိုင်ငံရပ်ခြားကိုရောက်ရှိနေတာမို့ ပြန်လွတ်လာတာနဲ့ Video Call ကနေတဆင့် ဆက်သွယ်လာခဲ့တာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ဟာ ဂျွန်လွင်ရဲ့ Stars & Models Int’l Yangon သင်တန်းဆင်း မော်ဒယ်လ် တစ်ယောက်ဖြစ်ပြီး ဂျွန်လွင်ဟာလည်း ပိုင်တံခွန်ကို အနုပညာလမ်းမပေါ်ရောက်အောင် တွန်းတင်ပေးခဲ့သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

Source: John Lwin ‘s fb
Credit:Myanmar Celebrities

Leave a Reply

Your email address will not be published. Required fields are marked *