တရုတ်နိုင်ငံ၊ Hung Yen ပြည်နယ်မှာ နေထိုင်တဲ့ မစ္စတာ NVH အမည်ရှိ အမျိုးသားဟာ ကလေး ၈ ယောက် (ယောက်ျားလေး ၆ ယောက်နဲ့ မိန်းကလေး ၂ ယောက်) ပြုစုပျိုးထောင်ရတဲ့ ကြင်ဖော်မဲ့ဖခင်တစ်ယောက်အနေနဲ့ သူရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေက မရေမတွက်နိုင်အောင်ပါပဲ ။ သူ့ရဲ့ဇနီးကတော့ ၉ကြိမ်မြောက်ကလေးမွေးဖွားခြင်းမှာဘဲ ဆုံးပါးသွားခဲ့ပါတယ် ။ သူတို့ရဲ့ အငယ်ဆုံးကလေးက ၂နှစ်အရွယ်ဘဲ ရှိသေးတာကြောင့် ညကြီးအချိန်မှာ မိခင်ကို ထအော်ပြီး အိပ်စက်ဖို့ငြင်းဆန်ခဲ့ပါတယ် ။ ရက်အနည်းငယ်ကြာတိုင်း Mr.H. က မျက်ရည်များ မထိန်းနိုင်ဖြစ်ခဲ့ရပါတယ် ။
.
ဇနီးဖြစ်သူ ထွက်ခွာသွားပြီးနောက် မိသားစုဘဝက ဆင်းရဲမွဲတေလာခဲ့ပြီး တစ်ဖက်မှာမူ ကလေးက ငယ်သေးတာကြောင့် Mr. H. ဟာ ဥယျာဉ်ကို လှည့်ပတ်နေသော်လည်း အဝေးကြီးတွေမှာ အလုပ်မသွားနိုင်သေးပါဘူး ။ ထမင်းတစ်နပ်လျှင် လူ ၉ ယောက်ရှိတဲ့ မိသားစုတစ်စုက ထမင်း ၂.၅ ကီလိုဂရမ်ခန့် စားကြပြီး အိုးကြီးတစ်လုံးနဲ့ ချက်ရပါတယ် ။
.
တခါတရံ ငြီးငွေ့ပြီး Mr. H. က အရာအားလုံးကို စွန့်လွှတ်ကာ သူ့ဇနီးနောက်လိုက်သွားချင်မိခဲ့ပါတယ် ။ ဒါပေမဲ့ အားကိုးရာမဲ့သားငယ်များအကြောင်းတွေးကာ ဆက်လျှောက်ရန် ကြိုးစားခဲ့ရပါတယ် ။
.
Mr. H. က ကလေးများကို ပြုစုပျိုးထောင်ရန်အတွက် အချိန်အတော်ကြာနေခဲ့တာကို မြင်လိုက်ရသဖြင့် လူအများအပြားက နောက်ဇနီးထပ်ယူရန် ပြောဆိုလာကြပါတယ် ။ ဒါပေမဲ့ ယခုအချိန်မှာ သူ့ပခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးက အလွန်ကြီးမားနေသေးပြီး ဇနီးထပ်ယူဖို့ စိတ်မဝင်စားဘူးလို့ ဆိုပါတယ် ။ မစ္စတာ H ရဲ့ မျက်လုံးထဲက ကလေးတွေဟာ အကြီးမြတ်ဆုံး အရာဖြစ်ပြီး အစားထိုးစရာ မရှိပါဘူး ။
.
စားဝတ်နေရေး ချို့တဲ့နေသမျှ ကာလပတ်လုံး သားအဖ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းကြရပါတယ် ။ ထို့ကြောင့် လူများစွာက ကလေးမွေးစားရန် တောင်းဆိုကြရာ ထိုအမျိုးသားက ချက်ချင်းပင် ခေါင်းယမ်းခဲ့ပါတယ် ။ ဒါကြောင့် သားသမီးများအပေါ် ထားတဲ့ မိဘမေတ္တာတွေက ကမ္ဘာပေါ်မှာ နှိုင်းယှဉ်စရာမရှိဘူးဆိုတာကို နားလည်မိပါတယ် ။