လုရှောနှင့်ဘိုင်ယီတို့ယူနိုက်တတ်လူစာရင်းတွင်ပြန်လည်ပါဝင်လာမည်

မန်ချက်စတာယူနိုက်တတ်အသင်းမှဒဏ်ရာကြောင့်အနားယူနေရတဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ လုရှောနှင့်အဲရစ်ဘိုင်ယီတို့ဟာ ယနေ့ညယှဉ်ပြိုင်ကစားမယ့် လက်စတာအသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တတ်အသင်းရဲ့လူစာရင်မှာ ပြန်လည်ပါဝင်လာဖွယ်ရှိတဉ်လို့နည်းပြဆိုးရှားပြောကြားခဲ့ပါတယ်။  

ယူနိုက်တတ်အသင်းမှာနောက်ထပ် ၇လဆက်နေဖို့ဆုံးဖြတ်လိုက်တဲ့အီဟာလို

ယူနိုက်တတ်အသင်းကို တရုတ်ကလပ်ရှန်ဟိုင်းအသင်းကနေအငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ တိုက်စစ်မှူးအီဟာလိုက သူ့ရဲ့အငှားစာချုပ်သက်တမ်းကိုနောက်ထပ်၇လတိုးချဲ့ဖို့ဆုံးဖြတ်လိုက်တယ်မန်ချက်စတာညနေခင်းသတင်းမှာဖေါ်ပြထားပါတယ်။မန်ချက်စတာယူနိုက်တက်သည် ၂၀၂၁ ခုနှစ်ဇန်နဝါရီလအထိ Odion Ighalo ကိုဆက်လက်ထိန်းသိမ်းထားရန်သဘောတူညီချက်အသစ်ကိုရရှိခဲ့တယ်လို့ဆိုပါတယ်။ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာမန်ချက်စတာယူနိုက်တက်အသင်းနှင့်မေလ ၃၁ ရက်မှာလမ်းခွဲရမှာဖြစ်ပြီး မိခင်အသင်းဖြစ်တဲ့တရုတ်ကလပ်ရှန်ဟိုင်းအသင်းကိုပြန်ရမှာပါ။ဒါပေမယ့် ကိုရိုနာဗိုင်းရပ်အကြပ်အတည်းကြောင့် တရုတ်နိုင်ငံမှာ ပြည်ပမှလာသူများကိုအောက်တိုဘာလအထိပြည်ဝင်ခွင့်မပေးတာကြောင့်အီဟာလိုကိုပြန်ခေါ်ဖို့ကျိုးစားနေတဲ့ တရုတ်အသင်းအနေနဲ့နောက်ဆုတ်ခဲ့ရပြီးကစားသမားရဲ့ဆန္ဒကိုဦးစားပေးခဲ့ရတာပါ။ တရုတ်စူပါလိဂ်ဟာဇူလိုင်လမှာပြန်လည်စတင်မှာဖြစ်ပေမယ့်အီဟာလိုကတော့ ၂၀၂၁ဇန်နဝါရီထိမန်ချက်စတာမှာဘဲရှိနေမယ်လို့သိရပါတယ်။သို့သော် Ighalo …