မန်ယူနှင့်လီပါပူလ်းအသင်းတို့ကစားသမားအမှန်တကယ်ဝယ်ယူခြင်းမရှိဘဲဖြီးဖြန်းနေဟုဘိုင်ယန်ဥက္ကဌပြော

ဘိုင်ယန်မြူးနစ်အသင်းရ့ဥက္ကဌအူလီဟိုးနက်ကသူ့အသင်းမှကွင်းလယ်ကစားသမားအယ်ကန်တရာကို မန်ယူအသင်းနှင့်လီပါပူလ်းအသင်းတို့က ဝယ်ယူမည်ဟုသတင်းများလွှင့်နေသော်လည်းလက်တွေ့မှာခုချိန်ထိမကမ်းလှမ်းဘဲ ကစားသမားနှင့်သဘောတူညီမှုသာ ယူထားသည့်ပုံစံမျိုးပြုလုပ်နေကြပြီးဘိုင်ယန်အသင်းကိုယခုချိန်ထိမဆက်သွယ်သေးသည်ကိုဒေါသထွက်လျှက်ရှိကာ အဆိုပါနှစ်သင်းလုံးသည်စျေးကွက်ပိတ်ချိန်ထိစောင့်ပြီးသူ့အသင်းမှ ကစားသမားကို အချောင်နှိုက်ရန်စီစဉ်နေကြောင်းပြောကြားလိုက်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်စပိန်ကွင်းလယ်လူအယ်ကန်တရာကို စာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းခဲ့သော်လည်းကစားသမားက ပါယ်ချခဲ့ပြီးအသင်းမှထွက်ခွာခွင့်တောင်းခံသောကြောင့် ဘိုင်ယန်အသင်းကထွက်ခွာခွင့်ပေးထားသူဖြစ်ပါတယ်။ဘိုင်ယန်အသင်းကတရားဝင်ထွက်ခွာခွင့်ပေးခဲ့ပြီးနောက် စိတ်ဝင်စားသောအသင်းများ၏တရားဝသ်ကမ်းလှမ်းမှုများကိုစောင့်မျှော်ခဲ့သော်လည်းယခုချိန်ထိ ကမ်းလှမ်းမှုတခုမျှမရှိသေးချေ၊လီပါပူလ်းအသင်းက အယ်ကန်တရာကိုခေါ်ယူရန်အတိအလင်းစိတ်ဝင်စားကြောင်းထုတ်ဖေါ်ထားသလိုမန်ယူအသင်းကလည်းအခွင့်အရေးရရင် ခေါ်ယူလိုနေပါတယ်။အူလီဟိုနက်ကမန်ယူနဲ့လီပါပူလ်းအသင်းတို့ဟာ ပြောင်းရွှေ့ကြေးအားလျော့ကျစေရန်စျေးကွက်ပိတ်ချိန်အထိစောင့်ဆိုင်းနေခြင်းဖြစ်သည်ဟုဝေဖန်ခဲ့ပါတယ်၊၎င်းကအခက်အခဲအခြေအနေပါ၊အစကသီရာဂိုနဲ့လေးနှစ်သက်တမ်းတိုးဖို့သဘောတူညီမှုရပြီးသားပါ၊နောက်တော့သူကစိန်ခေါ်မှုတွေလိုချင်တယ်ဖြစ်သွားရော၊ဒါကလည်းအဆင်ပြေပါတယ်။သူကမန်ယူ ဒါမှမဟုတ်လီပါပူလ်းဒါမှမဟုတ် နှစ်သင်းလုံးနဲ့လည်းပဂ္ဂိုလ်ရေးသဘောတူညီမှုရလောက်ပြီလို့ထင်ပါတယ်။ဒါပေမယ့်နှစ်သင်းလုံးကတရားဝင်ကမ်းလှမ်းမှုမရှိဘဲ ဖြီးဖြန်းနေတယ်။ဒါကတော့အထာမကျဘူး။ဈေးကွက်ပိတ်တဲ့အထိစောင့်ပြီးဈေးသက်သာအောင်အကျပ်ကိုင်နေသလိုပါဘဲလို့ဝေဖန်ခဲ့ပါတယ်၊

မှတ်တမ်းဆိုးပိုင်ဆိုင်ခဲ့တဲ့ ကီပါကို ကာကွယ်ပေးခဲ့တဲ့ လမ်းပတ်

ချယ်လ်ဆီးအသင်းရဲ့ စပိန်ဂိုးသမားကီပါဟာ ဘရိုက်တန်နဲ့ပွဲမှာ ဧရိယာပြင်ပကနေ တစ်ဂိုးသွင်းခံခဲ့ရပြီးနောက် ချယ်လ်ဆီးကိုရောက်ရှိပြီးနောက်ပိုင်းမှာ စုစုပေါင်း ၁၉ ဂိုးအထိ ဧရိယာပြင်ပကသွင်းယူတာကို ခံခဲ့ရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီမှတ်တမ်းနဲ့ ပတ်သက်ပြီး လမ်းပတ်ကတော့ ကီပါကို အပြစ်မတင်ခဲ့ဘဲ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂ နှစ်အတွင်း …

လီဗာပူးအသင်း ငွေအမြောက်အမြားသုံးပြီးအောင်မြင်လာတာလို့ ချဲလ်ဆီးနည်းပြလမ်းပတ်ပြော

လီဗာပူးအသင်းဟာလည်း ငွေကြေးများစွာအသုံးပြုပြီး ကစားသမားကောင်းတွေကို ခေါ်ယူခဲ့တာဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်က ချဲလ်ဆီးအသင်းရဲ့ ကစားသမားခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတစ်ခု ပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ နည်းပြလမ်းပတ်က ပြန်လည်တုံ့ပြန်ခဲ့တာပါ။ ချဲလ်ဆီးအသင်းဟာ အခုနှစ် အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း …

ကစားသမားခေါ်ယူမှုမရှိရင်မန်ယူအသင်းအဆင့်လေးပင်မလွယ်ဟုရှီးယားခန့်မှန်း

အလန်ရှီယားဆိုသည်မှာ နယူးကာဆယ်အသင်းနှင့်ပရီးမီးယားလိဂ်စံချိန်တင်သွင်းဂိုးများကိုသွင်းယူခဲ့သည့် ဂန္ဓဝင်တိုက်စစ်မှူးကြီးဖြစ်ပြီး သူကမန်ယူအသင်းရဲ့အခုရာသီပြင်ဆင်မှုတွေကိုအားမရဖြစ်နေပါတယ်။ဒါပေမယ့် ဒီနွေရာသီအပြောင်းအရွှေ့မှာတော့ ချယ်ဆီးအသင်းက လုံလောက်တဲ့ ကစားသမားအင်းအားကို အလန်းစားဖြည့်တင်းနေပေမယ့် ယူနိုက်တက်ကတော့ အေဂျက်အသင်းရဲ့ ကြယ်ပွင့် ဗန်ဒီဘိခ်ကိုသာ ခေါ်ယူနိုင်နေပါသေးတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျောက် ဂိုးအများဆုံး သွင်းယူထားသူ အလန်ရှီးယားက …

ရီးရဲယ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာပါဝင်ခြင်းမရှိတော့သည့်ရက်ဂီလွန်

မန်ယူအသင်းကိုပြောင်းရွှေ့တော့မယ်လို့သတင်းတွေအကြီးအကျယ်ထွက်ပေါ်နေတဲ့ရီးရဲယ်မက်ဒရစ်အသင်းမှ စပိန်လက်ရွေးစင်ဘယ်နောက်ခံကစားသမားရက်ဂီလွန်ဟာရီးရဲယ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ တွေ့ရခြင်းမရှိတော့ဘူးလို့ စပိန်နာမည်ကြီးသတင်းစာMarcaကဆိုပါတယ်။ရက်ဂီလွန်ကိုရီးရဲယ်အသင်းက ဆီဗီလားအသင်းကိုအငှားချထားရမှာပြန်လည်ခေါ်ယူခဲ့သော်လည်းအသင်းမှာရှိတဲ့စီနီယာကစားသမားများကြောင့်နေရာရဖို့သိပ်မသေချာတဲ့အနေထားမှာရောင်းချဖို့စီစဉ်နေတာပါ၊ မန်ယူအသင်းကရက်ဂီလွန်ကိုမူလကပေါင်သန်း၂၀နဲ့ကမ်းလှမ်းခဲ့သော်လည်းရီးရဲယ်အသင်းကလက်မခံခဲ့တဲ့အတွက် ယခုအခါာပေါင်၂၇.၇သန်းကိုတို့မြှင့်ကမ်းလှမ်းမယ်လို့ဆိုပါတယ်။အဆိုပါဈေးနှုန်းဟာအသင်းနှစ်သင်းကြားသဘောတူညီမှုရဖို့နီးစပ်နေပြီးရီးရဲယ်အသင်ကBuy Backထည့်သွင်းမယ့်အချက်ကိုတော့မန်ယူအသင်းကလက်မခံလိုဘူးလို့သိရပါတယ်။ကစားသမာကတော့ သူ့ရဲ့စပိန်လက်ရွေးစင်အနာဂတ်မပျောက်ဆုံးရေးအတွက် ပွဲထွက်ခွင့်ရရှိမယ့်ဥရောပအသင်းကြီးတသင်းကိုသေချာပေါက်ပြောင်းရွှေ့ချင်နေပြီး မန်ယူအသင်းကလည်းသူ့ရဲ့ အားပေးတဲ့အသင်းတသင်းဖြစ်ကြောင်းဆိုပါတယ်။ဒဏ်ရာမကြာခဏရရှိနေတဲ့မန်ယူနောက်ခံကစားသမားလုရှောအတွက်ရက်ဂီလွန်ရောက်ရှိလာမှာကတော့ ကြီးမားတဲ့ယှဉ်ပြိုင်မှုဖြစ်လာဖို့ရှိနေပြီး ဘယ်နောက်ခံနေရာအတွက် မကြာခဏခေါင်းစားနေရတဲ့ဆိုးရှားအတွက်တော့အခုသတင်းဟာစိတ်သက်သာစရာဖြစ်လာပါတယ်။

ယူနိုက်တက် ပရီးမီးယားလိဂ်ပြန်ရဖို့ ကလော့ပ်နဲ့ဂွါဒီယိုလာ မရှိမှ ဖြစ်နိုင်မယ်လို့ ဆိုလိုက်တဲ့ ဂယ်ရီနဗီးလ်

ယူနိုက်တက်အသင်းကတော့ ၂၀၁၂-၁၃ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို အကြိမ် ၂၀မြောက် ဆွတ်ခူးပြီးနောက် ယနေ့အချိန်ထိ လိဂ်ဆုဖလားကို ပြန်လည် ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။ ယူနိုက်တက်က လိဂ်ချန်ပီယံ မဖြစ်တာ ၇နှစ်ရှိပါပြီ။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၃ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် …

ကွင်းလယ်ကစားသမားတစ်ယောက်အသင်းကထွက်ခွာတာကိုကြေညာတော့မယ့်အာဆင်နယ်

အာဆင်နယ်အသင်းဟာ အသင်းကဥရုကွေးကွင်းလယ်ကစားသမားတော်ရဲယားကိုစီးရီအေကလပ်တိုရီနိုအသင်းကိုရောင်းချဖို့သဘောတူညီမှုတွေအားလုံးပြီးသွားပြီးမကြာခင်နာရီပိုင်းအတွင်းမှာ ကစားသမားကိုရောင်းချလိုက်ပြီဆိုတာကိုတရားဝင်ကြေညာတော့မှာဖြစ်ကြောင်းစီးရီအေအသင်းမှန်တွေသာတင်ပြလေ့ရှိတဲ့Calciomercato မှာဖော်ပြလိုက်ပါပြီ။ဥရုကွေးလက်ရွေးစင်ရဲ့စီးရီးအေပြန်ရေးအိပ်မက်ဟာအခုဆိုရင်အကောင်အထည်ပေါ်လာပြီးအာဆင်နယ်အသင်းဟာတော်ရဲယားအတွက်ပြောင်းရွှေ့ကြေးပေါင်၂၄သန်းရှိမှာဖြစ်ကြောင်းသိရပါတယ်။ဒာပေမယ့်အရစ်ကျစနစ်နဲ့ရောင်းချရမှာဖြစ်တာကြောင့်ပထမပေးချေမှုဘယ်လောက်ဖြစ်လာမလဲဆိုတာတော့မသိရသေးဘူးလို့ဆိုပါတယ်၊ တော်ရဲယားဟာအင်္ဂလန်ရဲ့လူနေမှုစနစ်တွေကိုအသားမကျတာရာသီဥတုဒဏ်မခံနိုင်ရာကနေ ဒဏ်ရာမကြာခဏရရှိနေတာဖြစ်ပြီးအာဆင်နယ်ပရီတ်သတ်အကြိုက်ကစားသမားတစ်ယောက်ဖြစ်ပါတယ်၊ဒါအပြင်သူအားသန်တဲ့ကွင်းလယ်ခံစစ်နေရာမှပုံမှန်ကစားခွင့်မရတာဟာသူ့ရဲ့ခြေစွမ်းကို ထိခိုက်စေတယ်လို့ကစားသမားကယုံကြည်နေပါတယ်။ဒါကြောင့်ဆရာဟောင်းနည်းပြလုပ်နေတဲ့စီးရီးအေအသင်းတိုရီနိုသို့သာပြောင်းရွှေ့ချင်နေပြီးသူ့ရဲ့ပုံမှန်ခြေစွမ်းကိုအီတလီမှာ ရှာဖွေနိုင်လိမ့်မယ်လို့ယုံကြည်နေသူပါ။တိုရီနိုအသင်းကလည်း ကွင်းလယ်ကစားသမာ အာမန်ဒိုအဇစ်ကိုရိုးမားအသင်းသိ‌ြရောင်းချရန်သဘောတူထားပြီးနောက်မှာအာဆင်နယ်အသင်းကနေ တော်ရဲ့ယားကိုအမြန်ပြန်လည်ခေါ်ယူတယဖြစ်ပါတယ်။

ဒီပေးကိုပြန်လည်ခေါ်ယူပေးရန်မန်ယူပရိတ်သတ်များတောင်းဆို

မန်ယူအသင်းကနေလိုင်ယွန်အသင်းကိုရောင်းချထားတဲ့ နယ်သာလန်ကွင်းလယ်ကစားသမားဒီပေးကိုအသင်းကိုပြန်လည်ခေါ်ယူပေးဖို့မန်ယူပရိတ်သတ်အများအပြားကလူမှုကွန်ယက်တွေမှာရေးသားပြီးအသင်းကိုတောင်းဆိုနေကြပါတယ်။ဒီပေဒဟာဘယ်တောင်ပံအားသန်တဲ့ကစားသမားဖြစ်ပေမယ့်အခုနောက်ပိုင်းလိုင်ယွန်အသင်းမှာ တိုက်စစ်မှူးနေရာကိုပြောင်းလဲကစားနေပြီးအစွမ်းပြဂိုးတွေသွင်းယူနေတာကြောင့်မန်ယူပရိတ်သတ်တွေကအသင်းမှာတိုက်စစ်မှူးလိုအပ်ချက်ရှိနေတာကို ဒီပေးနဲ့ပြန်လည်ဖြည့်ဆည်းချင်နေကြောင်းသိရပါတယ်။တကယ်လို့မန်ယူအသင်းဟာ ဒီပေးကိုလိုင်ယွန်အသင်းကနေပြန်လည်ခေါ်ယူပါကတန်ကြေးအနေနဲ့ပေါင်၂၂သန်းသာပေးရမှာဖြစ်ပြီးဒီပေးကိုရောင်းချခဲ့စဉ်ကထည့်သွင်းထားတဲ့ပြန်လည်ဝယ်ယူခွင့်ခံစားချက်ကိုရရှိမှာဖြစ်ပါတယ်။ တကယ်လို့လိုင်ယွန်ကဒီပေးကိုအခြားအသင်းကိုရောင်းချမယ်ဆိုရင်လည်းမန်ယူအသင်းကိုဦးစွာအသိပေးရမှာဖြစ်ပြီးမန်ယူကပြန်လည်မဝယ်ယူဘူးဆိုမှရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။ဒီပေးကလည်းမန်ယူပရိတ်သတ်တွေပြန်လိုချင်လောက်အောင်အစွမ်းပြနေပြီးအခုရာသီလီဂူးပွဲစဉ်၂ပွဲမှာတင်၃ဂိုးသွင်းယူပြီးအစွမ်းပြထားပါတယ်။ဒီပေးကိုလိုင်ယွန်အသင်းထံမှနေဘာစီလိုနာအသင်းကဝယ်ယူဖို့စီစဉ်နေပြီးဘာစီလိုနာနည်းပြသစ်ကိုးမန်းဟာဒီပေးနယ်သာလန်လက်ရွေးစင်အသင်းမှာကောင်းကောင်းကိုင်တွယ်ခဲ့သူဖြစ်တာကြောင့် ဒီပေးရဲ့အာားသာချက်ကိုကောင်းကောင်းသိသူဖြစ်နေတာကြောင့်တပည့်ဟောင်းကိုအရခေါ်ယူချင်နေပါတယ်။ လာမယ့်ဇန်နဝါရီမှာ တရုတ်ကလပ်ကိုတိုက်စစ်မှူးအီဂါလိုကိုပြန်လွှတ်ရမယ့်မန်ယူဟာ တိုက်စစ်လိုအပ်ချက်ရှိနေပြီးမန်ယူပရိတ်သတ်တွေကတော့ ခြေစွမ်းပြသနေတဲ့ကစားသမားဟောင်းကိုအသင်းစီပြန်ခေါ်ပေးဖို့တိုက်တွန်းနေကြတာပါ။

အသစ်ခေါ်ယူလိုက်သည့်ဂိုးသမားမန်ဒီသည်ချဲယ်ဆီး၏နောက်ဆုံးခေါ်ယူမှုမဟုတ်

ယခုဘောလုံးရာသီမှာအသင်းကိုကြီးမားတဲ့အပြောင်းအလဲတွေပြုလုပ်နေတဲ့ချဲယ်ဆီးအသင်းဟာအခုရက်ပိုင်းအတွင်းမှာဂိုးသမာအသစ်တစ်ဦးကိုလှက်မှတ်ထိုးခေါ်ယူတော့မှာပါ။ပြင်သစ်လီဂူးကလပ်ရန်းအသင်းရဲ့ဂိုးသမားမန်ဒီကိုချဲယ်ဆီးအသင်းရဲ့လူစားရင်းမှာမကြာခင်ရက်ပိုင်းအတွင်းတွေမြင်ရဖို့ရှိနေပြီးမနှစ်ကစ်တ်ပျက်ခဲ့ရတဲ့ဂိုးသမားနေရာအတွက်လမ်းပက်စိတ်သက်သာရ ရပါပြီ။မန်ဒီကိုခေါ်ယူရာမှာအသင်းရဲ့ဂိုးသမားဟောင်းပီတာချက်ကအဓိကကျခဲ့ပြီးချဲယ်ဆီးဂန္ဓဝင်ဂိုးသမားကမန်ဒီဟာချဲဆီယ်းအသင်းမှာနံပါတ်၁နေရာကိုခြိမ်းခြောက်နိူင်လိမ့်မယ်လို့ဆိုပါတယ်။ပီတာချက်အပြင်ချဲယ်ဆီးအသင်းရဲ့ဂိုးနည်းပြခရစ္စတိုဖာကလည်းမန်ဒီရဲ့ပရိတ်သတ်ဖြစ်ကြောင်းဝန်ခံထားပါတယ်။ မန်ဒီအတွက်ချဲယ်ဆီးအသင်းကပောင်၁၈.၄၇သန်းအပြင်add onကြေးပေါင်၂.၇သန်းထပ်မံပေးချေရမှာဖြစ်ကြောင်းသိရပါတယ်။အသက်၂၈နှစ်အရွယ်ဂိုးသမားကိုချဲယ်ဆီးအသင်းကလေးနှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီးသက်တမ်းတိုးခွင့်ပါရှ်ကြောင်းသိရပါတယ်။စာချုပ်ကမတော့မကြာခင်ရက်ပိုင်းအတွင်းချုပ်ဆိုတော့မှာဖြစ်ကြောင်းချဲယ်ဆီးရဲ့အပြောင်းအရွှေ့တာဝန်ခံမာရီယာကဆိုပါတယ်။မာရီယာကမန်ဒီဟာအသင်းအတွက်အကောင်းဆုံးခေါ်ယူမှုဖြစ်လာမှာပါ။မန်ဒီဟာချဲယ်ဆီးရဲ့ဒီရာသီအပြီးသတ်ခေါ်ယူမှုမဟုတ်သစ်ပါဘူးနောက်ထပ်စာချုပ်ချုပ်ခေါ်ယူမှုတွေကိုပရိတ်တွေတွေ့မြင်ရဦးမှာပါ၊ချဲယ်ဆီးအသင်းဟာ အသင်းရဲ့လူငယ်ကစားသမားဟောင်းဝက်ဟမ်းသင်းမှာခြေစွမ်းပြနေတဲ့ရိုက်ကိုအသင်းကိုပြန်လည်ခေါ်ဆောင်ဖို့လုပ်ဆောင်နေတာကြောင့်အဆိုပါအပြောင်းအရွှေ့ကိုရည်ညွှန်းပြီးပြောတာဖြစ်ကြောင်းစာနယ်ဇင်တွေကမှတ်ချက်ပေးပါတယ်။

ဖူလ်ဟမ်အားအနိုင်ရသည့်ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းတွင် အာဆင်နယ် ကွင်းလယ်လူ စီဘယ်ယို့စ်နှင့် တိုက်စစ်မှူး အန်ကယ်တီယာတို့ အချင်းများ

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် ဖူလ်ဟမ်-အာဆင်နယ်ပွဲ မတိုင်မီ အာဆင်နယ်ကစားသမားများ လေ့ကျင့်ခန်းပြုလုပ်ရာ၌ စပိန်ကွင်းလယ်လူ စီဘယ်ယို့စ်နှင့် အင်္ဂလန်တိုက်စစ်မှူး အန်ကယ်တီယာတို့ အချင်း များခဲ့ကြကြောင်းသိရသည်။ အာဆင်နယ်အသင်းက အဝေးကွင်းတွင်(၃-ဝ)ဂိုးဖြင့် အနိုင်ရသော ယင်းပွဲမတိုင်မီ ဖူလ်ဟမ်အသင်း၏ ကာရာဗန်ကော့တေ့ချ်ကွင်းအတွင်း …