ဂျာမနီသို့ပြန်ချင်နေသောကိုလာစီနက်ကို လေပါကူဆင်ကမ်းလှမ်းမည်

အာဆင်နယ်အသင်းရဲ့ဘယ်နောက်ခံကစားသမားဆိစ်ကိုလာစီနက်ကို ဂျာမန်ဘွန်ဒက်လီဂါကလပ်လေပါကူဆင်အသင်းကခေါ်ယူဖို့စောင့်ကြည့်နေပါတယ်အဆိုပါသတင်းကိုဂျာမန်နမည်ကြီးသတင်စာBildရဲ့သတင်းအရသိရတာပါ။လေပါကူဆင်ဟာကိုင်းဟာဗက်နဲ့ဗော်လန်းတို့ကိုရောင်းချရာမှပေါင်သန်း၁၀၀ခန့်အသားတင်ရရှိထားတာကြောင့်အသင်းကိုအင်အားပြန်လည်ဖြည့်တင်းဖို့ပြုလုပ်လာတာပါ။Bildရဲ့သတင်းအရလေပါကူဆင်ဟာကစားသမာနဲ့ဆွေးနွေးမှုတွေရှိနေပြီးအပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်မှာ အသင်းကိုခေါ်ယူနိုင်လိမ့်မယ်လို့သိရပါတယ်။ပြောင်းရွှေ့ကြေးယူရို၁၀သန်းလောက်နဲ့ကမ်းလှမ်းဖို့ရှိနေပြီးအာဆင်နယ်အသင်းကလည်း ရှော့်ကေးအသင်းကနေ ပြောင်းရွှေ့ကြေးမဲ့နဲ့ရထားတဲ့ကစားသမားကိုလက်လွှတ်ဖို့အသင့်ပါ။ လေပါကူဆင်ဟာ တောင်ပံခံစစ်မှူးအနေနဲ့ကော ဗဟိုနောက်ခံလူအနေနဲ့ပါအသုံးပြနိုင်တဲ့ ကိုလာစီနစ်ကိုသာရရှိပါကအသင်းမှာရှိတဲ့ ညာခြေအားသန်းခံစစ်မှူးတွေအစားရွေးချယ်စရာရရှိသွားမှာမို့လို့ အဆိုပါအခန်းကဏ္ဏအတွက် ကိုလာစီနက်ကိုအလိုရှိနေကြောင်းသိရပါတယ်။ကိုလာစီနက်ဟာ အာတီတာရဲ့အသင်းမှာ အရေးပါတဲ့နေရာကနေတဖြည်းဖြည်းဝေးကွာလာနေပြီးကစားသမားကိုယ်တိုင်ကလည်းပုဂ္ဂိုလ်ရေးအကြောင်းကြောင့်မွေးရပ်မြေကိုပြန်ချင်နေပါတယ်ဒါ့အပြင်လေပါကူဆင်မြို့အနီးရှိဒယ်ဆယ်ဒါ့မြို့မှာ ကိုလာစီနက်ရဲ့ကိုယ်ပိုင်နေအိမ်ရှိနေတာကလည်း သူ့အတွက်လေပါကူဆင်ကိုရွေူချက်မယ့်အဓိကအချက်ဖြစ်နေပါတယ်။၂၀၁၇အာဆင်နယ်အသင်းကိုရောက်ရှိလာချိန်မှာအသင်းအတွက် ပထမ၁၁စာရင်းဝင်ခဲ့သော်လည်းသူ့နေရာကိုတီရာနေးကအပိုင်စားယူသွားပြီးမီလန်နိုင်း၊ဆာကာ၊ဆီးဒရစ်တို့ရဲနောက်တန်းစီဇယားကိုရောက်နေလို့လာမယ့်ရာသီမှာကိုလာစီနက်အတွက်ပွဲထွက်ခွင့်ဆိုတာမရှိသလောက်အနေထားဖြစ်နေတာကြောင့်မကြာခင်မှာတခြားအသင်းအင်္ကျီနဲ့ကိုယ်လာစီနက်ကိုတွေ့မြင်ရတော့မှပါ။

ပြိုင်ဘက်ကိုမလေးစားရင်ဘောလုံးမှာအရှုံးဆိုတာမဝေးဘူးဟုနောက်ခံကစားသမားများကလော့သတိပေး

လီပါပူးလ်းအသင်းဟာ ယမန်နေ့ညက ချိန်ပီယံရှစ်ချန်ပီယံတန်းတတ်လိဒ်ယူနိုက်တတ်အသင်းကိုမနေ့ညက အိမ်ကွှင်းမှာဧည့်ခံကစားရာမှာ၄ဂိုး၃ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။လီပါပူလ်းအသင်းဟာ လိဒ်အသင်းကို ၃ကြိမ်တိုင်ဦးဆောင်ကစားနိုင်ခဲ့ပြီး ၃ကြိမ်လုံးတန်းတတ်အသင်းရဲ့ခြေပခြင်းကိုခံခဲရကာနောက်ဆုံးမိနစ်ပင်နယ်တီဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ၊အသင်းတိုက်စစ်မှုးမိုဆာလာဟာ ပွဲဦးထွက်မှာဘဲ ၃ဂိုးသွှင်းယူကာဟက်ထရစ်ရရှိခဲ့ပြီးနောက်ခံလူဗန်ဒိုက်က တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဆိုပါပွဲမှာ လီပါပူးအသင်းဟာအိမ်ကွှင်းမှာနောက်တန်းအမှားတွှေနဲ့၃ဂိုးပြန်ပေးခဲ့ရပြီး ပထမဂိုးမှဩာအသင်းနောက်ခံလူနှစ်ဩးလူကပ်ကစားပုံလျော့ရဲမှုကနေဂိုးပေးခဲ့ရကာဒုတိယဂိုးကတော့အသင်းခေါင်ဆောင်နောက်ခံလူဗန်ဒိုက်နဲ့ ဂိုးသမာအလီဆွန်တို့ရဲ့နားလည်မှုအလွဲကနေပေးခဲ့ရကြောင်းနဲ့ တတိယဂိုးကတော့ ဟန်ဒါဆန်ကိုလူစားလဲပြီးချိန်အသင်းမှာအဆင်သင့်မဖြစ်သေးဘဲလစ်ဟာသွားတဲ့ ကွက်လပ်ကနေဂိုးပေးခဲ့ရတာလို့ကလော့ဆိုပါတယ်။ ကလော့က ကျွှန်တော်တို့စက်ဘီးနေတာမဟုတ်ပါဘူး …