သူပြန်လာခဲ့ပြီလို့မန်ယူပရိတ်သတ်ထံသတင်းစကားပေးပို့လိုက်တဲ့အဲရစ်ဘိုင်ယီ

မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ဒဏ်ရာကြောင့်အနားယူနေရတဲ့နောက်ခံကစားသမားဘိုင်ယီဟာလေ့ကျင့်ရေးကွင်းကိုမနေ့ကပြန်လည်ရောက်ရှိလာခဲ့ပါတယ်။လာမယ့်ဘောလုံးရာသီမှာမန်ချက်စတာနောက်တန်းကိုပြုပြင်ချင်နေတဲ့ နည်းဆြိုးရှားဟာ နောက်ခံကစားသမားတစ်ဦးဝယ်ယူလိုလျှက်ရှိပြီးခုချိန်ထိအဆိုပါဆန္ဒဟာပြည့်မြောက်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ဆိုးရှားဟာမနယူနောက်တန်းကိုအပြောင်းအလဲပြုလုပ်ရာမှာ မက်ဂွိုင်းယားနဲ့တွဲဖက်မယ့်ဗဟိုနောက်ခံလူတစ်ယောက်ကိုရှာဖွေနေပြီးခုချိန်ထိအဆင်မပြေသေးတဲ့အတွက် အသင်းကနေရောင်းချဖိုစီစဉ်ထားတဲ့ဘယ်ခြေအားသန်နောက်ခံကစားသမားရိုဂျိုကိုပါပြန်လည်အသုံးပြုဖို့ထိစဉ်းစားနေတာပါ။ မန်ချက်စတာနောက်တန်းဟာမနှစ်ကဘောလုံးရာသီကုန်ချိန်ကျစ်လစ်တဲ့ပုံစံကိုပြကသခဲ့သော်လည်း မက်ဂွိုင်းယားရဲ့တွဲဖက်ကစားသမားလင်ဒီလော့ဟာ မကြာခဏဆိုသလိုအမှားကျူးလွန်လေ့ရှိတာကိုနည်းပြစိတ်ပျက်နေတာကြောင့် လာမယ့်အပါတ်မှာကစားမယ့် ပွဲစဉ်မှာနောက်တန်းကိုပြုပြင်မယ်ဆိုရင်တော့အခုလိုဘိုင်ယီပြန်ရောက်လာတာဟာသူ့အတွက်ရွေးချယ်စရာဖြစ်လာပြီ။ဘိုင်ယီအနေနဲ့လည်း အခြားနောက်ခံလူတစ်ဦးဖြစ်တဲ့တွမ်ဇီဘီဒဏ်ရာကြောင့်အနားယူနေရချိန်မှာ နည်းပြသိပ်မကြိုက်တဲ့လင်ဒီလော့ရဲ့နေရာကိုရယူနိုင်ဖို့ကျိုးစားရမှာဖြစ်ပါတယ်။အဲ့လိုအနေအထားမဟုတ်လူးဆိုရင်တော့ တွမ်ဇီဘီသာပြန်ရောက်လာရင် ဘိုင်ယီဟာ အသင်းမှာ နံပါတ်လေးနေရာအထိရောက်ရှိသွားနိုင်ပါတယ်။ မနေ့ကကာရင်တန်ကိုပြန်ရောက်လာတဲ့ဘိုင်ယီကိုမီဒီယာတွေကမေးမြန်းရာမှာတော့ ဘိုင်ယီကတိုတိုတုတ်တုတ်ဘဲအဖြေပေးခဲ့ပါတယ်။အဲ့ဒိအဖြေကကျွန်တော်ပြန်ပါပြီတဲ့။တကယ်ဘဲဘိုင်ယီတယောက်မန်ယူကိုရောက်စနှစ်ကလိုခြေစွမ်းမျိုးနဲ့ပြန်လာခဲ့ရင်တော့ဆိုးရှားတစ်ယောက်သားရွှေအိုးထမ်းသလိုဖြစ်လာမှာပါ။

ဖူဟမ်းနဲ့ပွဲကကြယ်ပွင့်ကစားသမားကိုအသင်းကထွက်ခွာခွင့်မပေးဘူးလို့ပြောလိုက်တဲ့အာတေးတာ

အာဆင်နယ်အသင်းဟာ ဖူဟမ်းအသင်းကိုအဝေးကွင်းမှာ ၃ဂိုးပြတ်အနိုင်ရပြီးနောက်ပွဲပြီးမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအာဆင်နယ်နည်းပြအာတေးတားက အဆိုပါပွဲစဉ်မှာအသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ကြယ်ပွင့်ကစားသမားဟာ အင်္ဂလန်နောက်ခံလူဟိုးဒင်းဖြစ်ကြောင်းမီဒီယာတွေကိုပြောကြားလိုက်ပါတယ်။တဆက်တည်းမှာဘဲနယူကာဆယ်ကိုအငှားနဲ့သွားရောက်ကစားဖို့စီစဉ်နေတာကိုလည်းဖျက်သိမ်းဖို့ပြောကြားလိုက်ပြီးအင်္ဂလန်နောက်ခံလူရဲ့အနာဂတ်ဟာ အာဆင်နယ်မှာဘဲဖြစ်ကြောင်းရှင်းရှင်းလင်းပြောကြားလိုက်ပါတယ်။အာတေးတာက ရော့စ်ရေမင်းရဲ့စိတ်ကူးကိုပြောင်းလိုက်ပါဒိနေ့ပွဲမှာမင်းအကောင်းဆုံးကစားခဲ့ပြီးပေးဂိုးမဲ့နိုင်ပွဲကိုငါတို့ရခဲ့ပါပြီမင်းကငါတို့အသင်းကအလိုရှိတဲ့တန်ဖိုးအတိုင်းကိုယ်စားပြုနေတာပါ၊အသင်းမှာလူပိုတယောက်မဟုတ်ပါဘူး၊မင်းအတွက်ခက်ခဲတဲ့အချိန်တွေရှိခဲ့တာသိပါတယ်။ဒီကလပ်အတွက်ဘောလုံးကစားဖို့ဆိုတဲ့မင်းရဲ့အိပ်မက်ကို မစွန့်လွှတ်ပါနဲ့မင်းကိုအသင်းကထွက်ခွာခဲ့မပေးဘူးဆိုတာရှင်းရှင်းလင်းလင်းပြောပရစေမင်းရဲ့အနာဂတ်ကဒိမှာပါလို့ပြောကြားပြီးကစားသမားကိုအသင်းမှာသာဆက်နေဖို့ပြောကြားခဲ့ပါတယ်။ ဟိုးဒင်းဟာ အာဆင်နယ်အသင်းမှာ ကာလရှည်ဒဏ်ရာများကြောင့် ခြေစွမ်းပျောက်ဆုံးခဲ့ရပြီးယခုနှဏ်ဘောလုံးရာသီမှာတော့အာဆင်နယ်အသင်းဟာနောက်ခံလူနှစ်ဦးထပ်မံဝယ်ယူလိုက်တာကြောင့် အသင်းမှာလူပိုတစ်ဦးလိုခံစားရပြီးအသင်းမှထွက်ခွာဖို့ဆုံးဖြတ်လိုက်သူပါ။ဒါပေမယ့်ဟိုးဒင်းရဲ့ခြေစွမ်းခြေစကိုအကဲခတ်မိတဲ့အာဆင်နယ်ဂန္ဓဝင်ကစားသမားကြီးများက အပြတ်မရောင်းဘဲအငှားချဖို့သာအသင်းကိုတိုက်တွန်းလို့အသင်းကလည်းသဘောတူညီခဲ့ပြီး နောက်နယူးကာဆယ်အသင်းကို အငှားသွားရောက်ကစားဖို့စီစည်ခဲ့တာပါ။ဒါပေမယ့် FAဗိုလ်လုပွဲမှာခြေစွမ်းပြနိုင်မှု ယနေ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်ဒေးဗစ်လူးဝစ်ဒဏ်ရကြောင့်မကစားနိုင်ချိန်မှာ အကောင်းဆုံးဝင်ရောက်ကစားနိုင်ခဲ့မှုတွေကြောင့်နည်းပြအာတေးတာက …