မန်ယူတိုက်စစ်မှူးဂရင်းဝုဒ်၏အားကစားသမားမပီသသောရုပ်သံဖိုင်တစ်ခုထွက်ပေါ်လာပြန်

အင်္ဂလန်နှင့်မန်ယူအသင်း၏တိုက်စစ်မှူးဂရင်းဝုဒ်သည်တိုက်ခန်းတခုအတွင်းစိတ်ကိုမြူးကြွစေသောအငွေ့(Happy Crack)ကိုရှူခဲ့ကြောင်းဗြိတိန်သတင်းစာ the sunမှ ဗီဓီယိုဖိုင်များရုပ်ပုံများနှင့်တကွတင်ပြခဲ့သည်။ဂရင်းဝုဒ်သည် ယခုစက်တင်ဘာအစောပိုင်းက ဒိန်းမတ်အသင်းနှင့်အင်္ဂလန်လက်ရွေးစင်အသင်းကစားခဲ့သောNations Leagueပွဲမတိုင်မှီအသင်း၏စည်းကမ်းကို ချိုးဖောက်ခဲ့ခြင်းကြောင့်မန်စီးတီးလွင်းလယ်လူဖိုဒန်နှင့်အတူအင်္ဂလန်သို့ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။၎င်းတု့နှစ်ယောက်အနက်မှ ဂရင်းဝုဒ်ဟာ နောက်ထပ်ပြစ်တင်ဝေဖန်ခံရမယ့်လုပ်ရပ်တစ်ကိုကျူးလွ်န်ခဲ့ခြင်းဖြစ်သည်။စိတ်မူးကြွစေသည့်အငွေ့ထည့်သွင်းရှူရှိုက်ရသည့်ပူဖောင်းတစ်ခုကို ဂရင်းဝုဒ်ကဓာတ်ငွေ့ဖြည့်သွင်းကာ ရှူရှိုက်နေသည့်ဗီဓီယိုဖိုင်ကို The Sunကဖေါ်ပြခဲ့ခြင်းဖြစ်သည်။ယင်းဖိုင်ကိုဘောင်းဘီတိုဝတ်ဆင်ထားသောမိန်းကလေးငယ်လေးတစ်ဥးကရိုက်ကူးထားခြင်းဖြစ်ပြီး၁၃စက္ကန့်သာ ကြာမြင့်ခဲ့သည်။နီးစပ်သူများ၏အဆိုအရSnapchatမှတဆင့်ထွက်ပေါ်လာသောအဆိုပါဖိုင်သည် လွန်ခဲ့သောရက်သတ္တပါတ်အနည်းငယ်က မန်ချက်စတာရှိတိုက်ခန်းတခုတွင်ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဓာတ်ငွေ့ဖြည့်တင်းရသော Smatrwhip Charager …

ကစားသမားခေါ်ယူမှုမရှိရင်မန်ယူအသင်းအဆင့်လေးပင်မလွယ်ဟုရှီးယားခန့်မှန်း

အလန်ရှီယားဆိုသည်မှာ နယူးကာဆယ်အသင်းနှင့်ပရီးမီးယားလိဂ်စံချိန်တင်သွင်းဂိုးများကိုသွင်းယူခဲ့သည့် ဂန္ဓဝင်တိုက်စစ်မှူးကြီးဖြစ်ပြီး သူကမန်ယူအသင်းရဲ့အခုရာသီပြင်ဆင်မှုတွေကိုအားမရဖြစ်နေပါတယ်။ဒါပေမယ့် ဒီနွေရာသီအပြောင်းအရွှေ့မှာတော့ ချယ်ဆီးအသင်းက လုံလောက်တဲ့ ကစားသမားအင်းအားကို အလန်းစားဖြည့်တင်းနေပေမယ့် ယူနိုက်တက်ကတော့ အေဂျက်အသင်းရဲ့ ကြယ်ပွင့် ဗန်ဒီဘိခ်ကိုသာ ခေါ်ယူနိုင်နေပါသေးတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျောက် ဂိုးအများဆုံး သွင်းယူထားသူ အလန်ရှီးယားက …

ကွင်းလယ်ကစားသမားတစ်ယောက်အသင်းကထွက်ခွာတာကိုကြေညာတော့မယ့်အာဆင်နယ်

အာဆင်နယ်အသင်းဟာ အသင်းကဥရုကွေးကွင်းလယ်ကစားသမားတော်ရဲယားကိုစီးရီအေကလပ်တိုရီနိုအသင်းကိုရောင်းချဖို့သဘောတူညီမှုတွေအားလုံးပြီးသွားပြီးမကြာခင်နာရီပိုင်းအတွင်းမှာ ကစားသမားကိုရောင်းချလိုက်ပြီဆိုတာကိုတရားဝင်ကြေညာတော့မှာဖြစ်ကြောင်းစီးရီအေအသင်းမှန်တွေသာတင်ပြလေ့ရှိတဲ့Calciomercato မှာဖော်ပြလိုက်ပါပြီ။ဥရုကွေးလက်ရွေးစင်ရဲ့စီးရီးအေပြန်ရေးအိပ်မက်ဟာအခုဆိုရင်အကောင်အထည်ပေါ်လာပြီးအာဆင်နယ်အသင်းဟာတော်ရဲယားအတွက်ပြောင်းရွှေ့ကြေးပေါင်၂၄သန်းရှိမှာဖြစ်ကြောင်းသိရပါတယ်။ဒာပေမယ့်အရစ်ကျစနစ်နဲ့ရောင်းချရမှာဖြစ်တာကြောင့်ပထမပေးချေမှုဘယ်လောက်ဖြစ်လာမလဲဆိုတာတော့မသိရသေးဘူးလို့ဆိုပါတယ်၊ တော်ရဲယားဟာအင်္ဂလန်ရဲ့လူနေမှုစနစ်တွေကိုအသားမကျတာရာသီဥတုဒဏ်မခံနိုင်ရာကနေ ဒဏ်ရာမကြာခဏရရှိနေတာဖြစ်ပြီးအာဆင်နယ်ပရီတ်သတ်အကြိုက်ကစားသမားတစ်ယောက်ဖြစ်ပါတယ်၊ဒါအပြင်သူအားသန်တဲ့ကွင်းလယ်ခံစစ်နေရာမှပုံမှန်ကစားခွင့်မရတာဟာသူ့ရဲ့ခြေစွမ်းကို ထိခိုက်စေတယ်လို့ကစားသမားကယုံကြည်နေပါတယ်။ဒါကြောင့်ဆရာဟောင်းနည်းပြလုပ်နေတဲ့စီးရီးအေအသင်းတိုရီနိုသို့သာပြောင်းရွှေ့ချင်နေပြီးသူ့ရဲ့ပုံမှန်ခြေစွမ်းကိုအီတလီမှာ ရှာဖွေနိုင်လိမ့်မယ်လို့ယုံကြည်နေသူပါ။တိုရီနိုအသင်းကလည်း ကွင်းလယ်ကစားသမာ အာမန်ဒိုအဇစ်ကိုရိုးမားအသင်းသိ‌ြရောင်းချရန်သဘောတူထားပြီးနောက်မှာအာဆင်နယ်အသင်းကနေ တော်ရဲ့ယားကိုအမြန်ပြန်လည်ခေါ်ယူတယဖြစ်ပါတယ်။