လေ့ကျင့်ရေးကွင်းမှာပင် ကစားပုံမပြင်နိုင်တဲ့ဒါးလော့ အသင်းကထွက်ရမည်

မန်ယူအသင်းနည်းပြဆိုးရှားက အသင်ကပေါ်တူဂီလူငယ်ညာနောက်ခံကစားသမားဒီရေဂိုဒါးလော့ကိုအသင်းရဲလူစားရင်းကနေထုတ်ပယ်ဖို့ဆုံးဖြတ်ထားကြောင်း Daily Starသတင်းစာကဖော်ပြထားပါတယ်။ဒါးလော့ကိုယခင်မန်ယူနည်းပြဟောင်းမော်ရင်ဟိုကပေါ်တိုအသင်းကနေပေါင်၂၂သန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပြီးနည်းစနစ်ပိုင်းကောင်းမွန်တဲ့ကစားသမားဦးဖြစ်ပါတယ်။ဒါပေမယ့်ဆိုးရှားနည်းပြဖြစ်လာချိန်မှာတော့ ဒါးလော့ဟာ ဒဏ်ရာကြောင့်အနားယူနေရပြီးဇန်နဝါရီလမှာဒဏ်ရာက ပြန်လာနိုင်ခဲ့ပေမယ့် အသင်းနဲ့ပရီးမီးယားလိဂ်ပွဲ၆မိနစ်သာကစားခွင့်ရသည်အထိအခြေနေဆိုးရွားခဲ့ပါတယ်။အသင်းရဲ့နောက်ဆုံးလိဂ်ပွဲ၁၂ပွဲမှာ ဆယ်ပွဲလွဲချော်ခဲ့တဲ့ဒါးလော့ဟာ ချယ်ဆီးအသင်းနဲ့FAဖလားဆီမီးဖိုင်နယ်ပွဲမှာ ကစားခွင့်ရရှိခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခြင်းမရှိသလိုအသင်းကပါ ဖလားပွဲက ထွက်ခဲ့ရလို့ အခြေနေပိုဆိုးခဲ့ရပါတယ်။ ဒါးလောကို ဆိုးရှာက ပိုပြီးမာကျောတဲ့ပုံစံမျိုးနဲ့ကျွမ်းကျင်မှုကိုအသုံးပြုပြီးကစားစေချင်ပေမယ့် ကစားသမားကလိုက်နာခြင်းမရှိဘဲလေ့ကျင့်ရေကွင်းမှာလည်းအဆိုပါအရည်အသွေးမျိုးကိုပြသနိုင်ခြင်းမ၇ှိသလို ကွင်းထဲမှာလည်းပြသနိုင်ခြင်းမ၇ှိလို့ဆိုးရှားကစိတ်ပျက်ခဲ့ရပြီးကစားသမားကိုအသင်းမှဦအချိန်ပေးလိုခြင်းမရှိတော့ဘဲရောင်းချဖို့ဆုံးဖြတ်ခဲ့ကြောင်းဖော်ပြထားပါတယ်။လေ့ကျင့်ရေးကွင်းမှဦနည်းပြရဲ့လမ်းညွှန်မှုကို …