အကြွေးဒဏ်ပိလာသောမန်ယူအသင်းဇန်နဝါရီတွင်အဝင်မရှိဘဲကစားသမားငါးဦးအထွက်ရှိမည်

အကြွေးဒဏ်ပိလာသောမန်ယူအသင်းဇန်နဝါရီတွင်အဝင်မရှိဘဲကစားသမားငါးဦးအထွက်ရှိမည် မန်ချက်စတာယူနိုက်တတ်အသင်းဟာကြွေးမြီးပမာဏတိုးမြင်လာတာကြောင့်လာမယ့်ဇန်နဝါရီဈေးကွက်မှာအသင်းရဲ့လူအင်အားကိုလျှော့ချပြီးလစာပေးချေနေရမှုကိုလျော့ကျသွားအောင်လုပ်ဆောင်နေဖို့ရှိနေပါတယ်။မန်ယူအသင်းကသာကြွေးမြီးတွေတတ်လာပေမယ့်မန်ယူအသင်းကိုစီမံအုပ်ချုပ်နေတဲ့ဂလေဇာမီသားစုးပိုင်ကုပ္မဏီကတော့အသင်းကနေအကျိုးဆောင်ခငွေတွေပုံမှန်ထုတ်ယူနေဆဲဘဲဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပထမအသင်းကစားသမားငါးဦးဖြစ်တဲ့နောက်ခံကစားသမားဖီးဂျုံး၊ရိုဟိုကွင်းလယ်ကစားသမားလင်ဂတ်အငှားသက်တမ်းပြည့်တော့မယ့်တိုက်စစ်မှူးအီဂါလိုနဲ့ဂိုးသမားရိုမဲရိုးတို့ကိုအသင်းကနေထွက်ခွါသွားဖို့ပြောဆိုထားတယ်လို့သိရပါတယ်။အဆိုပါကစားသမားငါးဦးလုံးဟာ မန်ယူအသင်းမှာပွဲထွက်ကစားခွင့်မရဘဲဖြစ်နေတဲ့ကစားသမားတွေဘဲဖြစ်ပါတယ်။ နောက်ခံကစားသမားဖီးလ်ဂျုံးနဲ့ရိုဟိုဟာခံစစ်ပြသနာတတ်နေတဲ့မန်ယူအသင်းအတွက်အဖြေတစ်ခုဖြစ်နိုင်ပေမယ့်ဆိုးရှားကတော့ လုံးဝအသုံးပြုခြင်းမရှိတာတွေ့ရပါတယ်။အထူးသဖြင့်ဘယ်ခြေအားသန်နောက်ခံကစားသမားတစ်ဦးအသည်းအသန်ရှာဖွေနေတဲ့ ဆိုးရှားဟာ ဘယ်ခြေအားသန်တန်တဲ့ရိုဟို ကို လုံးဝအသုံးပြုခြင်းမရှိတာဟာမန်ယူအသင်းဟာရွေးချယ်စရာရှိရက်ဘာကြောင့်မလုပ်ဆောင်ခဲ့မှန်းမသိရတဲ့အခြေနေပါ။ တိုက်စစ်မှူးအီဂါလိုဟာလည်းလက်ရှိအသင်းမှာတိုက်စစ်အင်အားနည်းနေချိန်မှာတောင် လူစားဝင်ရောက်ကစားခွင့်မရတဲ့အနေထားမျိုးဖြစ်နေပြီးသူ့ရဲ့မူလကလပ်အသင်းဖြစ်တဲ့တရုတ်စူပါလိဂ်အသင်းရှန်ဟိုင်းအသင်းကိုပြန်လည်ထွက်ခွါရတော့မှ။မန်ယူအသင်းနဲ့ကစားခွင့်ရတဲ့အချိန်တိုင်းမှာ ရေကုန်ရေခမ်းကစားလေ့ရှိတဲ့အီဟာလိုကို မန်ယူပရိတ်သတ်တွေလွမ်းဆွတ်နေမှာတော့အမှန်ဘဲဖြစ်နေမှာပါ။ မန်ယူအသင်းဟာကစားသမားအထွက်ကိုသာအာရုံစိုက်နေပြီးပြနလည်ဝယ်ယူဖို့တော့စီစဉ်နေခြင်းမရှိဘဲပြီးခဲ့တဲ့အပြောင်းအရွေ့ကဝယ်ယူထားတဲ့အတ္တလန်တာအသင်းကလူငယ်ကစားသမားလေးတစ်ဦးသာအသင်းကိုဝင်ရောက်လာဖို့ရှိနေပါတယ်။

အာဂျင်တီးနားဂန္ဓဝင်ဘောလုံးသမားမာရာဒိုနာကွယ်လွန်

အာဂျင်တီးနားဂန္ဓဝင်ဘောလုံးသမားမာရာဒိုနာကွယ်လွန် အာဂျင်တီးနားဂန္ဓဝင်ဘောလုံးသမားဒီရေဂိုမာရာဒိုနာဟာမွေးရပ်မြေအာကျင်တီးနားနိုင်ငံမှာ ဦးခေါင်းခွဲစိတ်မှုပြုလုပ်အပြီးဆင်းရုံမှဆင်းပြီး၃ရက်အကြာမှာရုတ်တရတ်နေမကောင်းပြန်ဖြစ်လို့ဆေးရုံ သို့ပြန်လည်သွားရောက်စဉ် သေဆုံးသွားကြောင်းThe sun သတင်းမှာဖေါ်ပြထားပါတယ်။ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရမာရာဒိုနာဟာ ရုတ်တရက်နှလုံး တိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ကွယ်လွန်ချိန်မှာအသက်၆၀အရွယ်၇ှိပြီဖြစ်ပါတယ်။ ဘုရားပေးသောလက်လို့ လူသိများတဲ့ အင်္ဂလန်အသင်းကို လက်နဲ့ပုတ်သွင်းခဲ့တဲ့ဂိုးကြောင့် ပိုမိုနာမည်ကြီးလာတဲ့မာရာဒိုနာဟာ ရာစုနှစ်အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး။အာကျင်တီးနားအသင်းကို ကမ္ဘာဖလားရယူပေးခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကစားသမားသက်တမ်းတလျှောက်ကလပ်အသင်း၇ခုမှာ ကစားခဲ့တဲ့မာရာဒိုနာဟာ …

သူငယ်ချင်းမင်္ဂလာဆောင်မသွားရလို့ကန်တေနဲ့လမ်းပတ်ပြသနာတတ်

ချဲယ်ဆီးအသင်းရဲ့အားထားရတဲ့ကွင်းလယ်ကစားသမား ကန်တေဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ယနေ့ညမှာ ကစားမယ့်ပွဲစဉ်အပြီးမှာ ကလပ်အသင်းကိုပြန်မလာသေးဘဲသူငယ်ချင်းမဂ်လာပွဲကိုတတ်ရောက်ခွင့်တောင်းဆိုရာမှာ နည်းပြ လမ်းပတ်ကခွင့်မပြုခဲ့ဘူူးလို့သိရပါတယ်။ အဆိုပါတောင်းဆိုမှုပြုလုပ်စဉ်မှာ လမ်းပတ်နဲ့ကန်တေတို့ဟာပြင်းပြင်းထန်ထန်စကားများခဲ့ကြပြီး ပြင်သစ်လက်ရွေးစင်ဟာ ချဲယ်ဆီလ်းအသင်းကနေထွက်ခွာမယ်လို့ပြောကြားခဲ့တယ်လို့သိရပါတယ်။လမ်းပတ်ကတော့ ကန်တေအနေနဲ့မင်္ဂလာပွဲကိုသွားရောက်ခဲ့ရင်အသင်းကိုပြန်လည်ရောက်၇ှိချိန်နောက်ကျပြီး အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေလွဲချော်မှာစိုးတာကြောင့်တားဆီးခဲ့တယ်လို့ဆိုပါတယ်။ ကန်တေဟာ ချဲယ်ဆီးအသင်းကနေထွက်ခွါပြီး ပြင်သစ်လူမျိုးနည်းပြလုပ်နေတဲ့ ရီးရဲယ်အသင်းကိုလာမယ့်ဇန်နဝါရီမှာပြောင်းရွှေ့တော့မယ်လို့သတင်းတွေကျယ်ကျယ်ပျံ့ပျံ့ထွက်ပေါ်လာသလို ရီးရဲယ်အသင်းကလည်းအဆိုပါသတင်းတွေနဲ့ပါတ်သတ်ပြီးမှတ်ချက်ပေးတုံ့ပြန်တာမျိုးမပြုလုပ်ခဲ့ပါဘူး။

အတ္တလန်တာတောင်ပံကစားသမားအာမက်ထရာအိုရေးကိုပေါင်သန်း၃၀ဖြင့်မန်ယူဝယ်ယူ

မန်ယူအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့ဖြစ်တဲ့ယနေ့မှာအထူးအလုပ်ရှုပ်နေပြီး ကစားသမားဝယ်ယူမှုတွေဆက်တိုက်ပြုလုပ်နေပြီး ယနေ့အတွက် စတ္တုထမြောက်ဝယ်ယူမှုအဖြစ်အတ္တလန်တာအသင်းမှလူငယ်တောင်ပံကစားသမားလေးအာမက်ထရာအိုရေးကိုပေါင်သန်း၃၀နဲ့ထပ်မံဝယ်ယူလိုက်ပါတယ်။ဒါပေမယ့်အလုပ်လုပ်ခွင့်ပါပစ်အခက်အခဲကြောင့် အဆိုပါအသက်၁၈နှစ်အရွယ်ကစားသမားလေးဟာ မန်ယူအသင်းကို လာမယ့်ဇန်နဝါရီလမှ လာရောက်ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။ ထရာအိုရေးဟာ အီတလီနိုင်ငံမှာ ငယ်စဉ်ထဲကနေထိုင်ခဲ့ပေမယ့် အိုင်ဗရီကိုစ့်နိုင်ငံသားဖြစ်နေတာကြောင့် ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းအရ သတ်မှတ်လက်ရွေးစင်ပွဲအရေအတွက်မပြည့်သေးလို့ အလုပ်လုပ်ခွင့်ပါမစ်မရရှိသေးကြောင်းသိရပါတယ်။ ထရာအိုရေးဟာခုဘောလုံးရာသီမှာ အတ္တလန်တာအသင်းမှာမိနစ်၃၀ခန့်သာကစားရသေပြီးကာကလီရာဂီအသင်းကို၅-၂ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်နာရီဝက်ခန့် လူစားဝင်ရောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။သူဟာအတ္တလန်တာအသင်းအတွက်၂၀၁၉ခုနှစ်က …

အဲလက်တဲလ်ကိုပေါင်၁၈.၃သန်းဖြင့်ခေါ်ယူရန်မန်ယူသဘောတူညီမှုရ

မန်ယူအသင်းဟာပေါ်တိုအသင်းရဲ့ ဘရာဇီးဘယ်နောက်ခံကစားသမား အဲလက်တဲလ်ကိုပောင်၁၈.၃သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း The Espressသတင်းမှာဖေါ်ပြလိုက်ပါတယ်။မန်ယူအသင်းဟာ ရီးရဲယ်အသင်းက စပိန်လက်ရွေးစင်ဘယ်နောက်ခံကစားသမားကိုခေါ်ယူရန်လက်လွှတ်ခဲ့ရပြီးနောက်မှာ ဘရာဇီးကြယ်ပွင့်ကို မြန်မြန်ဘဲခေါ်ယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ကစားသမားနဲ့ပုဂ္ဂိုလ်းဆိုင်ရာသဘောတူညီချက်လည်းရရှိထားပြီးဖြစ်ကြောင်း အဆိုပါသတင်းမှာဖေါ်ပြထားပြီးမန်ယူအသင်းနဲ့၅နှစ်စာချုပ်ချုပ်ဆိုမှဖြစ်ပါတယ်။အသက်၂၇အရွ‌ယ်အဲလက်တဲလ်ဟာ ဘယ်နောက်ခံလူအဖြစ်သာမက ဘယ်တေယင်ပံတိုက်စ်မှူးအဖြစ်ပါကစားနိုင်ကြောင်းသိရပါတယ်။ မန်ယူနည်းပြဆိုးရှားဟာအသင်းရဲ့ဘယ်နောက်ခံကစားသမားလုရှောရဲ့ဒဏ်ရာမကြာခဏရရှိနိုင်မှုတွေကိုစိတ်ပျက်နေပြီးညာနောက်ခံကစားသမားဘစ်ဆာကာဟာလည်းတိုက်စစ်ကိုလိုက်ပါထောက်ပံ့နိုင်မှုအလွန်အားနည်းတာကို လည်းအသင်းရဲ့အားနည်းချက်အဖြစ်ရှုမြင်ထားပါတယ်။ရှောကတော့ တိုက်စစ်လိုက်ပါမှု စွမ်းဆောင်ရည်ရှိနေပေမယ့်မနှစ်က ဘောလုံးရာသီမှာ လုရှောဟာ ပရီးမီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးဖန်တီးမှုတကြိမ်မှ …

လစ်လပ်နေတဲ့ကျောနံပါတ်၆အင်္ကျီအတွက် ပိုင်ရှင်ပေါ်လာပြီဖြစ်တဲ့လီပါပူလ်း

လီပါပူလ်းအသင်းလာလစ်လပ်လျှက်ရှိတဲ့အသင်းရဲ့ကျောနံပါတ်၆အင်္ကျီအတွက်ပိုင်ရှင်ဖြစ်လာမယ့်ကစားသမားကို လက်မှတ်ရေးထိုးခေါ်ယူလိုက်ပါပြီ။ထိုကစားသမားကတော့ကြိုးကြာနီပရိတ်သတ်တွေအားလုံးမျှော်လင့်နေကြတဲ့ဘိုင်ယန်မြူးနစ်အသင်းက စပိန်လက်ရွေးစင်ကါင်းလယ်ကစားသမားသီရာဂိုအယ်ကန်တရာဘဲဖြစ်ပါတယ်။အယ်ကန်တရာကလီပါပူလ်းအသင်းမှာ ယခင်အသင်းဟောင်းမှာဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၆ကိုသာဆက်လက်ဝတ်မယ်လို့သိရတာကြောင့် ခရိုအေးရှားနောက်ခ့လူ လိုဗရန့်ထွက်သွားပြီးထဲကလစ်လပ်နေတဲ့လီပါပူလ်းအသင်းရဲ့ကျောနံပါတ်၆ဟာ အခုဆိုရင်ပိုင်ရှင်ပေါ်လာပါပြီ။သီရာဂိုဟာယခုအခာလီပါပူလ်းအသင်းရဲ့လေ့ကျင့်ရေးကွင်း မဲဝုဒ်မှာဆေးစစ်နေပြီး မကြာခင်အချိန်မှာအပြောင်းအရွှေ့ကိုကြေညာတော့မှပါ။သီရာဂိုအတွက်ပြောင်း‌ရွှေ့ကြေးယရို၂၅သန်းလက်ငင်းပေးချေခဲ့ရပြီး နောက်ထပ်ယူရို၅သန်းထပ်မံပေးချေရမှာဖြစ်တာကြောင့် စုစုပေါင်းပြောင်းရွှေ့ကြေးယူရို သန်း၃၀ခန့်ကုန်ကျမှာပါ။ ဘိုင်ယန်မြူးနစ်ဥက္ကဌ အူလီဟိုးနက်ကသီရာဂိုဟာ ကြီးကျယ်တဲ့သမိုင်းကြောင်းနဲ့ကစားသမားပါ။အခုပြောင်းရွှေ့တာကလည်းသူ့ရဲ့ဆန္ဒပါ။သူဖြစ်ချင်တဲ့ဆန္ဒပြည့်ပြောက်သွားပါပြီသူဟာစိန်ခေါ်မှုအသစ်တွေကိုအလိုရှိနေပါတယ်လို့ပြောကြားခဲ့ပါတယ်။သီရာဂိုဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၇နှစ်ကြာခဲ့တဲ့ကစားသမားဘဝကိုအဆုံးသတ်လိုက်ပါပြီ ဘိုင်ယန်နဲ့ဂျာမန် ဖလား၇လုံးရရှိခဲ့သည်အထိအောင်မြင်ခဲ့သူဟာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းစီပြောင်းရွှေ့လာပြီးစိန်ခေါ်မှုတွေကို …

သူပြန်လာခဲ့ပြီလို့မန်ယူပရိတ်သတ်ထံသတင်းစကားပေးပို့လိုက်တဲ့အဲရစ်ဘိုင်ယီ

မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ဒဏ်ရာကြောင့်အနားယူနေရတဲ့နောက်ခံကစားသမားဘိုင်ယီဟာလေ့ကျင့်ရေးကွင်းကိုမနေ့ကပြန်လည်ရောက်ရှိလာခဲ့ပါတယ်။လာမယ့်ဘောလုံးရာသီမှာမန်ချက်စတာနောက်တန်းကိုပြုပြင်ချင်နေတဲ့ နည်းဆြိုးရှားဟာ နောက်ခံကစားသမားတစ်ဦးဝယ်ယူလိုလျှက်ရှိပြီးခုချိန်ထိအဆိုပါဆန္ဒဟာပြည့်မြောက်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ဆိုးရှားဟာမနယူနောက်တန်းကိုအပြောင်းအလဲပြုလုပ်ရာမှာ မက်ဂွိုင်းယားနဲ့တွဲဖက်မယ့်ဗဟိုနောက်ခံလူတစ်ယောက်ကိုရှာဖွေနေပြီးခုချိန်ထိအဆင်မပြေသေးတဲ့အတွက် အသင်းကနေရောင်းချဖိုစီစဉ်ထားတဲ့ဘယ်ခြေအားသန်နောက်ခံကစားသမားရိုဂျိုကိုပါပြန်လည်အသုံးပြုဖို့ထိစဉ်းစားနေတာပါ။ မန်ချက်စတာနောက်တန်းဟာမနှစ်ကဘောလုံးရာသီကုန်ချိန်ကျစ်လစ်တဲ့ပုံစံကိုပြကသခဲ့သော်လည်း မက်ဂွိုင်းယားရဲ့တွဲဖက်ကစားသမားလင်ဒီလော့ဟာ မကြာခဏဆိုသလိုအမှားကျူးလွန်လေ့ရှိတာကိုနည်းပြစိတ်ပျက်နေတာကြောင့် လာမယ့်အပါတ်မှာကစားမယ့် ပွဲစဉ်မှာနောက်တန်းကိုပြုပြင်မယ်ဆိုရင်တော့အခုလိုဘိုင်ယီပြန်ရောက်လာတာဟာသူ့အတွက်ရွေးချယ်စရာဖြစ်လာပြီ။ဘိုင်ယီအနေနဲ့လည်း အခြားနောက်ခံလူတစ်ဦးဖြစ်တဲ့တွမ်ဇီဘီဒဏ်ရာကြောင့်အနားယူနေရချိန်မှာ နည်းပြသိပ်မကြိုက်တဲ့လင်ဒီလော့ရဲ့နေရာကိုရယူနိုင်ဖို့ကျိုးစားရမှာဖြစ်ပါတယ်။အဲ့လိုအနေအထားမဟုတ်လူးဆိုရင်တော့ တွမ်ဇီဘီသာပြန်ရောက်လာရင် ဘိုင်ယီဟာ အသင်းမှာ နံပါတ်လေးနေရာအထိရောက်ရှိသွားနိုင်ပါတယ်။ မနေ့ကကာရင်တန်ကိုပြန်ရောက်လာတဲ့ဘိုင်ယီကိုမီဒီယာတွေကမေးမြန်းရာမှာတော့ ဘိုင်ယီကတိုတိုတုတ်တုတ်ဘဲအဖြေပေးခဲ့ပါတယ်။အဲ့ဒိအဖြေကကျွန်တော်ပြန်ပါပြီတဲ့။တကယ်ဘဲဘိုင်ယီတယောက်မန်ယူကိုရောက်စနှစ်ကလိုခြေစွမ်းမျိုးနဲ့ပြန်လာခဲ့ရင်တော့ဆိုးရှားတစ်ယောက်သားရွှေအိုးထမ်းသလိုဖြစ်လာမှာပါ။

ကစားသမားခေါ်ယူမှုမရှိရင်မန်ယူအသင်းအဆင့်လေးပင်မလွယ်ဟုရှီးယားခန့်မှန်း

အလန်ရှီယားဆိုသည်မှာ နယူးကာဆယ်အသင်းနှင့်ပရီးမီးယားလိဂ်စံချိန်တင်သွင်းဂိုးများကိုသွင်းယူခဲ့သည့် ဂန္ဓဝင်တိုက်စစ်မှူးကြီးဖြစ်ပြီး သူကမန်ယူအသင်းရဲ့အခုရာသီပြင်ဆင်မှုတွေကိုအားမရဖြစ်နေပါတယ်။ဒါပေမယ့် ဒီနွေရာသီအပြောင်းအရွှေ့မှာတော့ ချယ်ဆီးအသင်းက လုံလောက်တဲ့ ကစားသမားအင်းအားကို အလန်းစားဖြည့်တင်းနေပေမယ့် ယူနိုက်တက်ကတော့ အေဂျက်အသင်းရဲ့ ကြယ်ပွင့် ဗန်ဒီဘိခ်ကိုသာ ခေါ်ယူနိုင်နေပါသေးတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျောက် ဂိုးအများဆုံး သွင်းယူထားသူ အလန်ရှီးယားက …

ရီးရဲယ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာပါဝင်ခြင်းမရှိတော့သည့်ရက်ဂီလွန်

မန်ယူအသင်းကိုပြောင်းရွှေ့တော့မယ်လို့သတင်းတွေအကြီးအကျယ်ထွက်ပေါ်နေတဲ့ရီးရဲယ်မက်ဒရစ်အသင်းမှ စပိန်လက်ရွေးစင်ဘယ်နောက်ခံကစားသမားရက်ဂီလွန်ဟာရီးရဲယ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ တွေ့ရခြင်းမရှိတော့ဘူးလို့ စပိန်နာမည်ကြီးသတင်းစာMarcaကဆိုပါတယ်။ရက်ဂီလွန်ကိုရီးရဲယ်အသင်းက ဆီဗီလားအသင်းကိုအငှားချထားရမှာပြန်လည်ခေါ်ယူခဲ့သော်လည်းအသင်းမှာရှိတဲ့စီနီယာကစားသမားများကြောင့်နေရာရဖို့သိပ်မသေချာတဲ့အနေထားမှာရောင်းချဖို့စီစဉ်နေတာပါ၊ မန်ယူအသင်းကရက်ဂီလွန်ကိုမူလကပေါင်သန်း၂၀နဲ့ကမ်းလှမ်းခဲ့သော်လည်းရီးရဲယ်အသင်းကလက်မခံခဲ့တဲ့အတွက် ယခုအခါာပေါင်၂၇.၇သန်းကိုတို့မြှင့်ကမ်းလှမ်းမယ်လို့ဆိုပါတယ်။အဆိုပါဈေးနှုန်းဟာအသင်းနှစ်သင်းကြားသဘောတူညီမှုရဖို့နီးစပ်နေပြီးရီးရဲယ်အသင်ကBuy Backထည့်သွင်းမယ့်အချက်ကိုတော့မန်ယူအသင်းကလက်မခံလိုဘူးလို့သိရပါတယ်။ကစားသမာကတော့ သူ့ရဲ့စပိန်လက်ရွေးစင်အနာဂတ်မပျောက်ဆုံးရေးအတွက် ပွဲထွက်ခွင့်ရရှိမယ့်ဥရောပအသင်းကြီးတသင်းကိုသေချာပေါက်ပြောင်းရွှေ့ချင်နေပြီး မန်ယူအသင်းကလည်းသူ့ရဲ့ အားပေးတဲ့အသင်းတသင်းဖြစ်ကြောင်းဆိုပါတယ်။ဒဏ်ရာမကြာခဏရရှိနေတဲ့မန်ယူနောက်ခံကစားသမားလုရှောအတွက်ရက်ဂီလွန်ရောက်ရှိလာမှာကတော့ ကြီးမားတဲ့ယှဉ်ပြိုင်မှုဖြစ်လာဖို့ရှိနေပြီး ဘယ်နောက်ခံနေရာအတွက် မကြာခဏခေါင်းစားနေရတဲ့ဆိုးရှားအတွက်တော့အခုသတင်းဟာစိတ်သက်သာစရာဖြစ်လာပါတယ်။

ဒီပေးကိုပြန်လည်ခေါ်ယူပေးရန်မန်ယူပရိတ်သတ်များတောင်းဆို

မန်ယူအသင်းကနေလိုင်ယွန်အသင်းကိုရောင်းချထားတဲ့ နယ်သာလန်ကွင်းလယ်ကစားသမားဒီပေးကိုအသင်းကိုပြန်လည်ခေါ်ယူပေးဖို့မန်ယူပရိတ်သတ်အများအပြားကလူမှုကွန်ယက်တွေမှာရေးသားပြီးအသင်းကိုတောင်းဆိုနေကြပါတယ်။ဒီပေဒဟာဘယ်တောင်ပံအားသန်တဲ့ကစားသမားဖြစ်ပေမယ့်အခုနောက်ပိုင်းလိုင်ယွန်အသင်းမှာ တိုက်စစ်မှူးနေရာကိုပြောင်းလဲကစားနေပြီးအစွမ်းပြဂိုးတွေသွင်းယူနေတာကြောင့်မန်ယူပရိတ်သတ်တွေကအသင်းမှာတိုက်စစ်မှူးလိုအပ်ချက်ရှိနေတာကို ဒီပေးနဲ့ပြန်လည်ဖြည့်ဆည်းချင်နေကြောင်းသိရပါတယ်။တကယ်လို့မန်ယူအသင်းဟာ ဒီပေးကိုလိုင်ယွန်အသင်းကနေပြန်လည်ခေါ်ယူပါကတန်ကြေးအနေနဲ့ပေါင်၂၂သန်းသာပေးရမှာဖြစ်ပြီးဒီပေးကိုရောင်းချခဲ့စဉ်ကထည့်သွင်းထားတဲ့ပြန်လည်ဝယ်ယူခွင့်ခံစားချက်ကိုရရှိမှာဖြစ်ပါတယ်။ တကယ်လို့လိုင်ယွန်ကဒီပေးကိုအခြားအသင်းကိုရောင်းချမယ်ဆိုရင်လည်းမန်ယူအသင်းကိုဦးစွာအသိပေးရမှာဖြစ်ပြီးမန်ယူကပြန်လည်မဝယ်ယူဘူးဆိုမှရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။ဒီပေးကလည်းမန်ယူပရိတ်သတ်တွေပြန်လိုချင်လောက်အောင်အစွမ်းပြနေပြီးအခုရာသီလီဂူးပွဲစဉ်၂ပွဲမှာတင်၃ဂိုးသွင်းယူပြီးအစွမ်းပြထားပါတယ်။ဒီပေးကိုလိုင်ယွန်အသင်းထံမှနေဘာစီလိုနာအသင်းကဝယ်ယူဖို့စီစဉ်နေပြီးဘာစီလိုနာနည်းပြသစ်ကိုးမန်းဟာဒီပေးနယ်သာလန်လက်ရွေးစင်အသင်းမှာကောင်းကောင်းကိုင်တွယ်ခဲ့သူဖြစ်တာကြောင့် ဒီပေးရဲ့အာားသာချက်ကိုကောင်းကောင်းသိသူဖြစ်နေတာကြောင့်တပည့်ဟောင်းကိုအရခေါ်ယူချင်နေပါတယ်။ လာမယ့်ဇန်နဝါရီမှာ တရုတ်ကလပ်ကိုတိုက်စစ်မှူးအီဂါလိုကိုပြန်လွှတ်ရမယ့်မန်ယူဟာ တိုက်စစ်လိုအပ်ချက်ရှိနေပြီးမန်ယူပရိတ်သတ်တွေကတော့ ခြေစွမ်းပြသနေတဲ့ကစားသမားဟောင်းကိုအသင်းစီပြန်ခေါ်ပေးဖို့တိုက်တွန်းနေကြတာပါ။