ကျွန်တော်ဒီအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ဘာသံသယမှမရှိပါဘူးဟုပြောကြားလိုက်တဲ့အော်ဘာမီယန်း၏စာချုပ်သစ်ချုပ်ဆိုပြီးပထမဆုံးစကား

အာဆင်နယ်အသင်းရဲ့ဂါဘွန်တိုက်စစ်မှူးအော်ဘာမီယန်းဟာအသင်းနဲ့စာချုပ်သက်တမ်းတိုးစာချုပ်ကိုယနေ့ညနေကဘဲချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းအာဆင်နယ်အသင်းကထုတ်ပြန်ကြေညာလိုက်ပါပြီ။အာဆင်နယ်အသင်းဟာအော်ဘာကို တပါတ်လစာပေါင်၂၅၀၀၀၀ရရှိမှာဖြစ်ပြီးအသင်းနဲ့ ၃နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်တာဖြစ်ကြောင်းသိရပါတယ်။အော်ဘာမီယန်းက စာချုပ်ချုပ်ဆိုပြီးပြီးချင်းမှာ ကျွန်တော်ဒီအသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ဘာသံသယမှကိုမရှိခဲ့တာပါ သိပ်ကောင်းတဲ့အသင်းနဲ့ စာချုပ်သက်တမ်တိုးလိုက်တာပါ။ဒီအသင်းကပရီတ်သတ်တေါအသင်းဖော်တွေဝန်ထမ်းတွေနောက်ဆုံးအသင်းနဲ့ပါတ်သတ်နေတဲ့အရာအားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အတူတကွ အောင်မြင်မှုအကြီးကြီးတွေရယူကြရအောင်ပါ။အာဆင်နယ်မှာအကောင်းဆုံးတွေရောက်လာတော့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ပြောကြားခဲ့ပါတယ်။နည်းပြအာတေးတားကလည်း သူကကမ္ဘာအကောင်းဆုံးတွေထဲကြတယောက်ပါ။အသင်းမာဂိုး၅၀ကိုပွဲအနည်းဆုံးနဲ့ပြည့်ခဲ့သူပါ။သူဘာလုပ်ရမလဲသူကောင်းကောင်းသိသူပါအသင်းအတွက်လည်းအရေးပါတဲ့အသင်းခောင်းဆောင်ပါ။ကျွန်တော်တည်ဆောက်နေတဲ့အသင်းရဲ့အဓိကအစိတ်အပိုင်းပါလို့ပြောကြားခဲ့ပါတယ်။

ရီးရဲယ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာပါဝင်ခြင်းမရှိတော့သည့်ရက်ဂီလွန်

မန်ယူအသင်းကိုပြောင်းရွှေ့တော့မယ်လို့သတင်းတွေအကြီးအကျယ်ထွက်ပေါ်နေတဲ့ရီးရဲယ်မက်ဒရစ်အသင်းမှ စပိန်လက်ရွေးစင်ဘယ်နောက်ခံကစားသမားရက်ဂီလွန်ဟာရီးရဲယ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ တွေ့ရခြင်းမရှိတော့ဘူးလို့ စပိန်နာမည်ကြီးသတင်းစာMarcaကဆိုပါတယ်။ရက်ဂီလွန်ကိုရီးရဲယ်အသင်းက ဆီဗီလားအသင်းကိုအငှားချထားရမှာပြန်လည်ခေါ်ယူခဲ့သော်လည်းအသင်းမှာရှိတဲ့စီနီယာကစားသမားများကြောင့်နေရာရဖို့သိပ်မသေချာတဲ့အနေထားမှာရောင်းချဖို့စီစဉ်နေတာပါ၊ မန်ယူအသင်းကရက်ဂီလွန်ကိုမူလကပေါင်သန်း၂၀နဲ့ကမ်းလှမ်းခဲ့သော်လည်းရီးရဲယ်အသင်းကလက်မခံခဲ့တဲ့အတွက် ယခုအခါာပေါင်၂၇.၇သန်းကိုတို့မြှင့်ကမ်းလှမ်းမယ်လို့ဆိုပါတယ်။အဆိုပါဈေးနှုန်းဟာအသင်းနှစ်သင်းကြားသဘောတူညီမှုရဖို့နီးစပ်နေပြီးရီးရဲယ်အသင်ကBuy Backထည့်သွင်းမယ့်အချက်ကိုတော့မန်ယူအသင်းကလက်မခံလိုဘူးလို့သိရပါတယ်။ကစားသမာကတော့ သူ့ရဲ့စပိန်လက်ရွေးစင်အနာဂတ်မပျောက်ဆုံးရေးအတွက် ပွဲထွက်ခွင့်ရရှိမယ့်ဥရောပအသင်းကြီးတသင်းကိုသေချာပေါက်ပြောင်းရွှေ့ချင်နေပြီး မန်ယူအသင်းကလည်းသူ့ရဲ့ အားပေးတဲ့အသင်းတသင်းဖြစ်ကြောင်းဆိုပါတယ်။ဒဏ်ရာမကြာခဏရရှိနေတဲ့မန်ယူနောက်ခံကစားသမားလုရှောအတွက်ရက်ဂီလွန်ရောက်ရှိလာမှာကတော့ ကြီးမားတဲ့ယှဉ်ပြိုင်မှုဖြစ်လာဖို့ရှိနေပြီး ဘယ်နောက်ခံနေရာအတွက် မကြာခဏခေါင်းစားနေရတဲ့ဆိုးရှားအတွက်တော့အခုသတင်းဟာစိတ်သက်သာစရာဖြစ်လာပါတယ်။

ဒေါ့မွန်အသင်း၏ငွေလုံးငွေရင်းတောင်းဆိုမှုကြောင့်ဆန်ချို၏အပြောင်းအရွေ့ပျက်ပြယ်

အခုအပြောင်းအရွှေ့ရာသိတစ်ခုလည်းရဲ့မန်ယူအသင်း၏ထိပ်တန်းပစ်မှတ်ကစားသမားဆန်ချိုကိုမန်ယူအသင်းက ပေါင်သန်း၁၀၀ကျော်တန်ဖိုးရှိစာချုပ်နဲ့ခေါ်ယူဖို့ကမ်းလှမ်းရာမှာဒေါ့မွန်အသင်းဟာ ငွေလုံးငွေရင်းကိုသာတောင်းဆိုပြီးမန်ယူအသင်းဟာ အရစ်ကျစနစ်နဲ့ပေးချေလိုတာကြောင့်အဆိုပါညှိနှိုင်းချက်ဟာအဆင်မပြေဖြစ်ခဲ့ရကြောင်းသိရပါတယ်။ကိုရိုနာဗိုင်းရပ်ပြသနကြောင့်မန်ယူအသင်းဟာ အခုချိန်မှာအသင်းရဲ့အပြောင်းအရွှေ့တခုအတွက်ပေါင်းသန်းရာကျော်ကိုငွေလုံးငွေရင်းအနေနဲ့အသုံးမပြုချင်ဘူးလိုအက်ဝုဒ်ဝက်ကဆိုပါတယ်။အသင်းရဲ့ဝင်ငွေတခုဖြစ်တဲ့ကွင်းဝင်ကြေးရရှိငွေဟာလည်းမည်သည့်အချိန်ထိရပ်တန့်နေမည်ဆိုတာကလည်းမသေချာသလို ကွင်းအတွင်းပရိတ်သတ်ပြန်လည်ကြည့်ရှုခွင်ပြုပါကလည်းယခင်လို ကွင်းလုံးပြည့် ကြည့်ရှုနိုင်မယ့်အနေထားမျိုးမရှိဘဲ ကိုဗစ်စည်းမျဉ်းတွေအတိုင်းပရိတ်သတ်အနည်းငယ်သာ ကြည့်ရှုခွင့်ရရှိမှာဖြစ်တာကြောင့်အသင်းရဲ့ဝင်ငွေဟာသိသိသာသာကိုလျော့နည်းနေမှာဖြစ်သလို အသင်းရဲ့စပွန်ဆာကုပ္ပဏီတွေအာလုံးဟာလည်းစီးပွားရေးကျဆင်းနေတာကြောင့် အခုလိုငွေလုံးငွေရင်းအသုံးစရိတ်ကို အသုံးမပြုချင်ကြောင်းသိရပါတယ်။ ဆန်ချိကိုယ်တိုင်ကတော့မွေးရပ်မြေကိုပြန်လာချင်နေပြီး သူ့ရဲ့အပြောင်းအရွှေ့အတွက်တသင်းထြသောကမ်းလှမ်းမှုဖြစ်တဲ့မန်ချက်စတာယူနိုက်တတ် ကိုပြောင်းရွှေ့ချင်ပါတယ်။ဒါပေမယ့် ဒေါ့မွန်အသင်းနဲ့စာချုပ်သက်တမ်း၃နှစ်ကျန်နေတာကြောင့်အနည်းဆုံးနောက်တရာသီကတော့ ဒေါ့မွန်အသင်းမှာဘဲ ဆက်ကစားရတော့မှာပါ။ဒေါမွန်အသင်းဟာလည်းစီးပွားရေးကျဆင်းပြီးအသင်းရဲ့ဘဏ္ဌာရေးရှင်းတန်းမှာအရှုံးပေါ်နေတာကိုဖြေရှင်းဖို့လိုနေတာကြောင့်ဆန်ချိုရဲ့အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရင်တောင်သေချာပေါက်အသင်းကနေအခြားကစားသမားတွေကိုရောင်းချမှုပြုလုပ်ရဦးမှာပါ။မန်ယူအသင်းကလည်း လိုအပ်နေတဲ့ …

အသစ်ခေါ်ယူထားတဲ့နာမည်ကြီးကစားသမား၃ဦးဒဏ်ရာရနေလို့ပွဲဦးထွက်အတွက် တိုင်ပါတ်နေတဲ့နည်းပြလမ်းပတ်

ချဲယ်ဆီးအသင်းဟာ လာမယ့်ရာသီသစ်အတွက်အထူးပြင်ဆင်တဲ့အနေနဲ့ပေါင်သန်း၂၀၀ကျော်အသုံးပြုပြီးထိပ်တန်းကစားသမား၇ဦးကိုအာဖြည့်ထားပါတယ်။လာမယ့်အင်္ဂာနေ့ညမှာဘရိုက်တန်အသင်းစတင်ယှဉ်ပြိုင်မယ့်ပရီးမီးယားလိဂ်အဖွင့်ပွဲအတွက် အသင်းမှအသစ်ခေါ်ယူထားတဲ့ ကစားသမားများအနက်ဟာကင်ဇီးယက်ဘန်ချီဝဲနဲ့သီရာဂိုဆေးဗားတို့မပါဝင်ဘူးလို့ နည်းပြလမ်းပတ်ကပြောကြားလိုက်ပါတယ်။နည်းပြလမ်းပတ်က ဇီးယက်ကရာသီကြို‌လေ့ကျင့်ခန်းမှာဒဏ်ရာရရှိထားပါတယ်။သူ့ရဲ့ဒူးဒဏ်ရာကဘရိုက်တန်နဲ့ပွဲကိုလွဲချော်တော့မှာပါ။သူရဲ့ကြံ့ခိုင်မှုက ပွဲထွက်ကစားဖို့အဆင်သင့်မဖြစ်သေးပါဘူး။နောက်ရက်သတ္တပါတ်လောက်ဆိုရင်တော့ ပြန်လည်ကြံ့ခိုင်လာပြီးပွဲထွက်ကစားလာနိုင်မယ်ထင်ပါတယ်။ ချီဝဲကတော့လက်စတာအသင်းကရရှိခဲ့တဲ့ဒဏ်ရာကိုကြံ့ခိုင်မှုရရှိအောင်ပြန်လည်ပျိုးထောင်နေပါတယ်။ဘရိုက်တန်နဲ့ပွဲမှာတော့ ပါဝင်နို်မှာမဟုတ်တာသေချာပါတယ်။ဒါပေမယ့်သတင်းကောင်းတခုကတော့ သီရာဂိုဆေးဗားကတော့လန်ဒန်ကိုရောက်ရှိလာပြီဒါပေမယ့်အသင်းနဲ့ပူပေါင်းလေ့ကျင့်မှုတွေမလုပ်ရသေးတော့ ပွဲထွက်ကစားဖို့မဖြစ်နိုင်သေးပါဘူးမီဒီယာတွေကိုသတင်းပေးလိုက်ပါတယ်။ဒါ့အပြင်နည်းပြလမ်းပက်က အခုရာသီသန်းပေါင်းရာချီအသုံးပြုပြီးကစားသမားတွေဖြည့်တင်းထားပေမယ့် တခြားအသင်းတွေရဲ့လုပ်ဆောင်ချက်တွေကို စိတ်မဝင်စားဘူးလို့ဆိုပါတယ်။ပီးခဲ့တဲ့နှစ်ရာသီမှာချဲယ်ဆီးဟာမန်စီးတီးနဲ့ လီပါပူလ်းအသင်းတို့ရဲ့နောက်မှာရာသီအဆုံးသတ်ခဲ့ရတာကို တော့အခုရာသီမှာအဖြစ်ခံတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ချဲယ်ဆီးအသင်းဟာအခုရာသီမှာပေါင်သန်း၂၀၀ကျော်အသုံးပြုပြီးထိပ်တန်းကစားသမား၇ဦးကိုအားဖြည့်ထားသည့်အပြင်ရန်းအသင်းဂိုးသမား မန်ဒီနဲ့ဝက်ဟမ်းကွင်းလယ်ကစားသမားရိုက်တို့ကိုပါထပ်မံဝယ်ယူဖို့ပြင်ဆင်နေပါတယ်။

ခြေစမ်းပွဲမှာရှုံးခဲ့ပေမယ့်ဟန်ဒါဆန်ကတော့ယူနိုက်တတ်ရဲ့နံပါတ်၁ကစားသမားလိုအစွမ်းပြသွားတယ်ဆိုတဲ့နည်းပြဆိုးရှား

မနေ့ညကအက်စတန်ဗီလာရဲ့အိမ်ကွင်းမှာပြုလုပ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကြိုခြေစမ်းပွဲမှာ မန်ယူအသင်းဟာ အက်စန်ဗီလာအသင်းကို၁-၀ဂိုးရလာဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ မန်ယူကစားသမားသစ်ဗန်ဒါဘိဟာ ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့ပြီးအခြားစီနီယာကစားသမားအာလုံးကတော့ပါဝင်ခြင်းမရှိဘဲပထမပိုင်းမှာ တော်မီနေးနဲ့တွဲဖက်ကစားခဲ့ရကာဒုတိယပိုင်းမှာတော့ လူငယ်ကစားသမားလေး အီသန်ဂယ်ဘရစ်တွဲဖက်ကစားခဲ့ရကောင်းသိရပါတယ်။အသင်းရှုံးနိမ့်ခဲ့ပေမယ် ဗန်ဒါဘိနဲ့ဂိုသမားဟန်ဒါဆန်တို့ဟာထိပ်တန်းအရည်အသွေးပြသွားခဲ့ကြောင်းနည်းပြဆိုးရှားကပွဲအပြီးမှာ မန်ယူတီဗီနဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်ဆိုးရှားကတချို့ကစားသမားတွေရဲ့ စွမ်းဆောင်မှုနဲ့ ပက်သက်ပြီးအပေါင်းလက္ခဏာဆောင်တဲ့အချက်ကလေးတွေလည်းတွေ့ခဲ့ရပါတယ်၊ဒင်းဟန်ဒါဆန်ဆိုရင်သူ့ရဲ့လုပ်ပိုင်ခွင့်ကိုပြန်လည်ပြသနိုင်ခဲ့ပြီးတော့တကယ့်ယူနိုက်တက်နံပါတ်၁ဂိုးသမားလို စွမ်းဆောင်ပြနိုင်ခဲ့တယ်၊ယူနိုက်တက်ကအသင်းကြီးလူစာရင်းထဲကနေကစားသမားတော်တော်များများမပါဘဲ ဘာမင်ဂမ်မှာကစားခဲ့တာဖြစ်ပြီး နောက်လာမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ဖြစ်တဲ့ ခရစ်စ်တယ်ပဲလေ့စ်နဲ့ ကန်ရမဲ့ပွဲမှာအဓိကကစားသမားတွေ အဆင်သင့်ဖြစ်ဖို့ …