မန်ယူနှင့်လီပါပူလ်းအသင်းတို့ကစားသမားအမှန်တကယ်ဝယ်ယူခြင်းမရှိဘဲဖြီးဖြန်းနေဟုဘိုင်ယန်ဥက္ကဌပြော

ဘိုင်ယန်မြူးနစ်အသင်းရ့ဥက္ကဌအူလီဟိုးနက်ကသူ့အသင်းမှကွင်းလယ်ကစားသမားအယ်ကန်တရာကို မန်ယူအသင်းနှင့်လီပါပူလ်းအသင်းတို့က ဝယ်ယူမည်ဟုသတင်းများလွှင့်နေသော်လည်းလက်တွေ့မှာခုချိန်ထိမကမ်းလှမ်းဘဲ ကစားသမားနှင့်သဘောတူညီမှုသာ ယူထားသည့်ပုံစံမျိုးပြုလုပ်နေကြပြီးဘိုင်ယန်အသင်းကိုယခုချိန်ထိမဆက်သွယ်သေးသည်ကိုဒေါသထွက်လျှက်ရှိကာ အဆိုပါနှစ်သင်းလုံးသည်စျေးကွက်ပိတ်ချိန်ထိစောင့်ပြီးသူ့အသင်းမှ ကစားသမားကို အချောင်နှိုက်ရန်စီစဉ်နေကြောင်းပြောကြားလိုက်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်စပိန်ကွင်းလယ်လူအယ်ကန်တရာကို စာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းခဲ့သော်လည်းကစားသမားက ပါယ်ချခဲ့ပြီးအသင်းမှထွက်ခွာခွင့်တောင်းခံသောကြောင့် ဘိုင်ယန်အသင်းကထွက်ခွာခွင့်ပေးထားသူဖြစ်ပါတယ်။ဘိုင်ယန်အသင်းကတရားဝင်ထွက်ခွာခွင့်ပေးခဲ့ပြီးနောက် စိတ်ဝင်စားသောအသင်းများ၏တရားဝသ်ကမ်းလှမ်းမှုများကိုစောင့်မျှော်ခဲ့သော်လည်းယခုချိန်ထိ ကမ်းလှမ်းမှုတခုမျှမရှိသေးချေ၊လီပါပူလ်းအသင်းက အယ်ကန်တရာကိုခေါ်ယူရန်အတိအလင်းစိတ်ဝင်စားကြောင်းထုတ်ဖေါ်ထားသလိုမန်ယူအသင်းကလည်းအခွင့်အရေးရရင် ခေါ်ယူလိုနေပါတယ်။အူလီဟိုနက်ကမန်ယူနဲ့လီပါပူလ်းအသင်းတို့ဟာ ပြောင်းရွှေ့ကြေးအားလျော့ကျစေရန်စျေးကွက်ပိတ်ချိန်အထိစောင့်ဆိုင်းနေခြင်းဖြစ်သည်ဟုဝေဖန်ခဲ့ပါတယ်၊၎င်းကအခက်အခဲအခြေအနေပါ၊အစကသီရာဂိုနဲ့လေးနှစ်သက်တမ်းတိုးဖို့သဘောတူညီမှုရပြီးသားပါ၊နောက်တော့သူကစိန်ခေါ်မှုတွေလိုချင်တယ်ဖြစ်သွားရော၊ဒါကလည်းအဆင်ပြေပါတယ်။သူကမန်ယူ ဒါမှမဟုတ်လီပါပူလ်းဒါမှမဟုတ် နှစ်သင်းလုံးနဲ့လည်းပဂ္ဂိုလ်ရေးသဘောတူညီမှုရလောက်ပြီလို့ထင်ပါတယ်။ဒါပေမယ့်နှစ်သင်းလုံးကတရားဝင်ကမ်းလှမ်းမှုမရှိဘဲ ဖြီးဖြန်းနေတယ်။ဒါကတော့အထာမကျဘူး။ဈေးကွက်ပိတ်တဲ့အထိစောင့်ပြီးဈေးသက်သာအောင်အကျပ်ကိုင်နေသလိုပါဘဲလို့ဝေဖန်ခဲ့ပါတယ်၊

ဒီပေးကိုပြန်လည်ခေါ်ယူပေးရန်မန်ယူပရိတ်သတ်များတောင်းဆို

မန်ယူအသင်းကနေလိုင်ယွန်အသင်းကိုရောင်းချထားတဲ့ နယ်သာလန်ကွင်းလယ်ကစားသမားဒီပေးကိုအသင်းကိုပြန်လည်ခေါ်ယူပေးဖို့မန်ယူပရိတ်သတ်အများအပြားကလူမှုကွန်ယက်တွေမှာရေးသားပြီးအသင်းကိုတောင်းဆိုနေကြပါတယ်။ဒီပေဒဟာဘယ်တောင်ပံအားသန်တဲ့ကစားသမားဖြစ်ပေမယ့်အခုနောက်ပိုင်းလိုင်ယွန်အသင်းမှာ တိုက်စစ်မှူးနေရာကိုပြောင်းလဲကစားနေပြီးအစွမ်းပြဂိုးတွေသွင်းယူနေတာကြောင့်မန်ယူပရိတ်သတ်တွေကအသင်းမှာတိုက်စစ်မှူးလိုအပ်ချက်ရှိနေတာကို ဒီပေးနဲ့ပြန်လည်ဖြည့်ဆည်းချင်နေကြောင်းသိရပါတယ်။တကယ်လို့မန်ယူအသင်းဟာ ဒီပေးကိုလိုင်ယွန်အသင်းကနေပြန်လည်ခေါ်ယူပါကတန်ကြေးအနေနဲ့ပေါင်၂၂သန်းသာပေးရမှာဖြစ်ပြီးဒီပေးကိုရောင်းချခဲ့စဉ်ကထည့်သွင်းထားတဲ့ပြန်လည်ဝယ်ယူခွင့်ခံစားချက်ကိုရရှိမှာဖြစ်ပါတယ်။ တကယ်လို့လိုင်ယွန်ကဒီပေးကိုအခြားအသင်းကိုရောင်းချမယ်ဆိုရင်လည်းမန်ယူအသင်းကိုဦးစွာအသိပေးရမှာဖြစ်ပြီးမန်ယူကပြန်လည်မဝယ်ယူဘူးဆိုမှရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။ဒီပေးကလည်းမန်ယူပရိတ်သတ်တွေပြန်လိုချင်လောက်အောင်အစွမ်းပြနေပြီးအခုရာသီလီဂူးပွဲစဉ်၂ပွဲမှာတင်၃ဂိုးသွင်းယူပြီးအစွမ်းပြထားပါတယ်။ဒီပေးကိုလိုင်ယွန်အသင်းထံမှနေဘာစီလိုနာအသင်းကဝယ်ယူဖို့စီစဉ်နေပြီးဘာစီလိုနာနည်းပြသစ်ကိုးမန်းဟာဒီပေးနယ်သာလန်လက်ရွေးစင်အသင်းမှာကောင်းကောင်းကိုင်တွယ်ခဲ့သူဖြစ်တာကြောင့် ဒီပေးရဲ့အာားသာချက်ကိုကောင်းကောင်းသိသူဖြစ်နေတာကြောင့်တပည့်ဟောင်းကိုအရခေါ်ယူချင်နေပါတယ်။ လာမယ့်ဇန်နဝါရီမှာ တရုတ်ကလပ်ကိုတိုက်စစ်မှူးအီဂါလိုကိုပြန်လွှတ်ရမယ့်မန်ယူဟာ တိုက်စစ်လိုအပ်ချက်ရှိနေပြီးမန်ယူပရိတ်သတ်တွေကတော့ ခြေစွမ်းပြသနေတဲ့ကစားသမားဟောင်းကိုအသင်းစီပြန်ခေါ်ပေးဖို့တိုက်တွန်းနေကြတာပါ။

ဖူဟမ်းကိုအဝေးကွင်းမှာဂိုးပြတ်နိုင်တဲ့ပွဲမှာပြင်သစ်နောက်ခံလူဆာလီဘာဘာကြောင့်မပါလည်းရှင်းပြတဲ့အာတေးတား

အာဆင်နယ်အသင်းဟာ ဒီနေ့ညနေမှာ၂၀၂၀-၂၁ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ်အဝေးကွင်းမှာတန်းတတ်ဖူဟမ်အသင်းနဲ့သွားရောက်ယှဉ်ပြိုင်ရာမှာဂိုးပြတ်အနိုင်ရရခဲ့ပါတယ်။၀-၃ဆိုတဲ့ရလာဒ်နဲ့အနိုင်ရရှိခဲ့ပြီးအရင်နှစ်ကရရှိခဲ့တဲ့ အဝေးကွင်းအိပ်မက်ဆိုးကိုစောစောစီးစီးရုန်းထွက်ပြခဲ့ပါပြီ။အဆိုပါပွဲစဉ်မှာ အသင်းကအသစ်ဝယ်ယူထားတဲ့ကစားသမားတွေဖြစ်တဲ့ ဝီလီယံ၊ဂါဘရီရယ်စတဲ့ကစားသမားနှစ်ဦးပါဝင်ကစားခဲ့ပြီးပရိတ်သတ်တွေမျှော်လင့်နေကြတဲ့ပြင်သစ်လူငယ်ကြယ်ပွင့်ဆာလီဘာကတော့ အသင်းရဲ့အရန်စာရင်းမှာတောင်ပါဝင်လာခြင်းမ၇ှိပါဘူး။အာဆင်နယ်အသင်းဟာ ဖူဟမ်းအသင်းကိုဂိုးပြတ်အနိုင်ရရာမှာ ကစားသမားသစ်နှစ်ဖြစ်တဲ့ ဝီလီယံနဲ့ ဂါဘရီရယ်တို့ရဲ့စွမ်းဆောင်ရည်ဟာအတော်ကောင်းမွန်ခဲ့ပြီး ဝီလီယံကနှစ်ဂိုးဖန်တီးပေးခဲ့ကာဂါဘရီရဲယ်ကတော့ပေးဂိုးမဲ့ပွဲဖြစ်အောင်စွမ်းဆောင်ပြခဲ့ပြီးအနိုင်ဂိုးတစ်ဦးပါသွင်းယူပြခဲ့ပါသေးတယ်.နည်းပြအာတေးတားက အသင်းပရိတ်သတ်တွအထူးမျှော်လင့်နေတဲ့ ဆာလီဘာ ဘာကြောင့်လူစားရင်းမှာ မပါဝင်နိုင်ဘူးဆိုတာအခုလိုရှင်းပြခဲ့ပါတယ် အာတေးတာက ဆာလီဘာအသင်းရဲ့ပထမ၁၁စာရင်းဝင်ဖို့အနည်းငယ်အချိန်ယူရလိမ့်မယ်လို့ပြောခဲ့ပါတယ်။သူကဆက်လက်ပြီးဆာလီဘာ ဒိတိုင်းပြည်၊ဒီကဘာသာစကားကျွန်တော်တို့အသင်းရဲ့ကစားပုံတွေနဲ့အံဝင်ခွင်ကျဖြစ်အောင်အချိန်ယူရပါလိမ့်မယ်။အသင်းရဲ့ရစ်သမ် ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာယှဉ်ပြိုင်မှုတွေကို …